Episode - 17💛

11.6K 742 36
                                    

[ 1 ]

စေလိုရာအရှေ့တွင်ရပ်နေသောအကောင်ပိစိလေး၏မျက်နှာသည်
နီရဲနေပြီဖြစ်သည် ။ သူဒီစကားကိုပြောလိုက်လို့စေလိုရာကသူ့ကို
တစ်မျိုးထင်သွားမှာလည်းစိုးရိမ်နေသည် ။

"ကလေးကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး ၊ ကလေးကိုအဲ့လိုမထင်
ပါနဲ့"

သူတစ်မျိုးထင်သွားမည်ကိုကြောက်နေသည့်အကောင်ပိစိလေးကို
ကြည့်ကာသူပြုံးမိသည် ။ အကောင်ပိစိလေးကိုပွေ့ချီလိုက်ပြီး
အခန်းတံခါးကိုပိတ်လိုက်သည် ။ အကောင်ပိစိလေးကိုအိပ်ရာ
ပေါ်သို့ချလိုက်သည် ။

"ကလေးရဲ့ဒယ်ဒီကြီးသိရင်ကိုယ်သေမှာပေါ့"

"အဲ့တာကပြောပြမှသိမှာပေါ့ ၊ ဦးကအဲ့လိုလျှောက်ပြောနေမှာ
လား"

စေလိုရာရယ်ရပြန်သည် ။ လူတွေရဲ့ရမ္မက်ဆန္ဒကထိန်းချုပ်ရ
ခက်သည် ။ ချစ်ရတဲ့သူကခွင့်ပြုပေးနေသည်ကိုငြင်းဖို့ဆိုသည်
မှာလည်းဘယ်လူသားမှလုပ်မည်မဟုတ် ။ အကောင်ပိစိလေး၏
မျက်နှာနီနီရဲရဲလေးကိုပဲအချိန်အကြာကြီးစိုက်ကြည့်နေသည် ။

"ဦး ကလေးအိပ်ချင်လာပြီ ၊ ဘာလို့အကြာကြီးကြည့်နေတာလဲ"

"ကိုယ်တို့လက်ထပ်ကြမလား ၊ ရုံးတက်လက်မှတ်ထိုးကြမယ်လေ ၊ ကလေးရဲ့ဒယ်ဒီ့ဆီကခွင့်ပြုချက်ရရင်မင်္ဂလာပွဲလုပ်ကြမယ်"

"တကယ်ကြီးပြောနေတာလား"

"အင်း တကယ် ၊ ကလေးကကိုယ့်ကိုကြည်ကြည်ဖြူဖြူနဲ့ခွင့်ပြု
ပေးပေမဲ့ ကိုယ်မပိုင်ဆိုင်သေးဘဲနဲ့ကိုယ်မလုပ်နိုင်ဘူး ၊ အမှန်အတိုင်းဝန်ခံရရင် ကလေးနဲ့အတူရှိနေတိုင်းကိုယ်မရိုးသား
နိုင်ဘူး"

"လူကိုတွေ့တိုင်းပြစ်မှားနေတာပေါ့လေ ၊ ဦးကမထင်ရဘူးနော် ၊ နှာဗူးအကြီးစားကြီး ဖယ်တော့ ကလေးသွားအိပ်တော့မယ်"

"ဟိတ်! ဒီလိုလုပ်လို့ရမလား ၊ ဘယ်ပြေးမလို့လဲ"

စေလိုရာကအကောင်ပိစိလေးရဲ့ခါးကိုယားအောင်ကလိလိုက်ထိုး
တော့ အကောင်ပိစိလေးအိပ်ရာပေါ်လူးလွန့်ကောက်ကွေးနေ
တော့သည် ။ ထိုစဉ် တစ်ခန်းလုံးမှောင်မဲသွားလေသည် ။ မီးပျက်သွားတာပါ တလွဲတွေမတွေးကြနဲ့ဦး😌 ။

သခင့်​စေလိုရာWhere stories live. Discover now