အကောင်ပိစိရဲ့ဗိုက်ကလေးကမဆိုသလောက်လေးပူစပြုနေလေ
ပြီ ။ မှန်အရှေ့တွင်သူ့ဗိုက်ကလေးသူကြည့်ကာမျက်နှာလေးက
ညှိုးငယ်နေပြန်သည် ။ စေလိုရာအခန်းထဲဝင်လာတောင်သတိ
မထားမိ ။"ပူတူး ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲ ၊ မှန်ကြီးလည်း
ပေါက်ထွက်သွားတော့မှာပဲ""ကလေးကဗိုက်ကြီးပူလာပြီလေ ၊ ဗိုက်ထွက်လာတော့ရုပ်ဆိုးနေ
ပြီ ၊ ဦးကမချစ်တော့ဘူးမလား ဟင့်""ဘာတွေလျှောက်တွေးနေပြန်ပြီလဲပူတူးရယ် ၊ ဒီဗိုက်ပူတာဘာ
ကြောင့်လဲ""ဂျူနီယာလေးကြောင့်လေ"
"ဂျူနီယာလေးကကိုယ်နဲ့ပူတူးရဲ့ကလေးလေ ၊ ဗိုက်ပူလာလည်း
ကိုယ်ကချစ်မှာပဲ ၊ ပူတူးဘာဖြစ်ဖြစ်ကိုယ်ကချစ်မှာပဲ ၊ ပူတူးကိုချစ်
တာလျော့သွားတယ်လို့မရှိဘူး လိုရင်သာလိုနေမှာ""ဦးဘီယာသောက်ပါလား ၊ အဲ့တာမှcoupleဖြစ်သွားမှာ ခ်ခ်"
'ဒီပူတူးအတော်နောက်တာပဲ ၊ ဘီယာမသောက်ဘဲအရက်တွေပဲ
သောက်လိုက်လို့ငိုသွားဦးမယ်""ဟွန့် လုပ်ရဲလုပ်ကြည့်လေ အပြတ်ပဲဖြစ်သွားမှာပေါ့"
"မလုပ်ရဲပါဘူးဗျာ ချစ်လွန်းလို့မလုပ်ရဲဘူး"
ကိုယ်ဝန်ကြောင့်လို့ပဲပြောရမှာပေါ့ တစ်နေ့တစ်နေ့တစ်မျိုးမဟုတ်
တစ်မျိုးတွေးပြီးစိတ်အားငယ်နေတတ်တယ် ။ အရင်ကထက်ပို
ပြီးလည်းလန့်တတ်တယ် ။ အစားအသောက်တိုင်းကိုကောင်း
ကောင်းမွန်မွန်မစားနိုင်သေး ။ ငါးတွေဆိုအမောင်ဗိုက်ကအနံ့
တောင်မခံနိုင်ဘူး ။ စေလိုရာတွေးမိသည်ကအတော်ကြေးများ
မယ့်ကလေးလေး ။ ဗိုက်ထဲမှာတောင်အတင်းငြင်းလွှတ်နေတာ ။ ခံရတဲ့သူ့ကလေးကမသက်သာဘူး ။ တစ်ခါတစ်ခါအန်ပြီးရင်
မောနေရော ။ ကြီးကြီးသစ်ကလည်းအတော်ကိုဂရုတစိုက်လုပ်
ပေးရှာတယ် ။ အိမ်မှာရေထဲကသတ္တဝါငါးဆိုဝင်ခွင့်ကိုမရှိဘူး ။
တစ်ခုဆိုးတာကအပူအစပ်တွေအရမ်းတောင်းဆိုလာတယ် ။
ဗိုက်ထဲကကလေးအတွက်မကောင်းလို့သိပ်အများကြီးတော့
မကျွေးရဲ ။ သူအရမ်းစားချင်လာတဲ့အခါမျိုးဆိုမျက်ရည်လေး
တွေတောင်ကျပြီးတောင်းဆိုရှာတယ် ။ ဒီနေ့ဆေးရုံသွားရမယ့်
နေ့ ။ ဗိုက်ကလေးမဆိုသလောက်ထွက်နေတဲ့အချိန်စာမေးပွဲဖြေ
ပြီးသွားတော့အရမ်းကိုအဆင်ပြေသွားတယ် ။ ဒီနေ့ဗိုက်ထဲက
ကလေးလေးရဲ့နှလုံးခုန်သံကိုနားထောင်ရတော့မယ်ဆိုတော့
နှစ်ယောက်စလုံးအရမ်းကိုစိတ်လှုပ်ရှားနေကြတယ် ။
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...