1

47.2K 2K 80
                                    

မျက်နှာထားကတင်းမာနေပြီး
အံကြိတ်ကာ မနည်းဒေါသဖြေနေတဲ့
ဒယ်ဒီ့ရှေ့တွင်Chanyeolမထုံတထေးသာ
နေနေလိုက်သည်...

အခုကိစ္စက
ထုံးစံအတိုင်းစာမေးပွဲကျလို့ဆူဆဲနေခြင်း...

တစ်ခါတစ်ခါ ခွေးသားဆိုတာကပါလိုက်သေး..
ဒီလိုဆဲရင်တော့ Chanyeolတစ်ယောက်
ရယ်ချင်တာသာသိသည်....

သူကခွေးသားဆိုတော့ ဒယ်ဒီက....?

အဟားးး

ထိုအတွေးကြောင့်
Chanyeolမျက်နှာစပ်ဖြဲဖြဲဖြစ်သွားမိတော့လည်း
ဒယ်ဒီက ထပ်ဆူသည်..
ယောကျာ်းလေးဖြစ်ပြီးမျက်နှာရူးမနေနဲ့တဲ့...

ဒုက္ခပါပဲဗျာ...
'ဆူလို့မျက်နှာသေနေရင်လည်း
မင်းကငါပြောတာမကြိုက်တာလား..'
'မျက်နှာကို
ခပ်ပြုံးပြုံးနေမိရင်လည်း မနာတတ်ဘူးလား..' တဲ့

လူကြီးတွေက သိပ်ခက်တာပါလား..

"Park Chan Yeol...!!
မင်းအလေလိုက်နေတာတွေရပ်တန်းကရပ်နော်...!!
ဟိုOh Sehunဆိုတဲ့
ကောင်လေးကိုလည်း သူ့မိဘနဲ့ပြောရမယ်...
စာမေးပွဲနီးရင်သွားလိုက်တဲ့ gameဆိုင်တွေ!
နှစ်ယောက်ပေါင်းပြီး သောင်းကျန်းနေတာ
ဒီ့ထက်မလွန်လာကြနဲ့..
ငါ့ဒေါသကိုမင်းသိတယ်မလား...''

သိတာပေါ့ ဒယ်ဒီရယ်..

ဒေါသထွက်တုန်းခဏတော့ ဗြူးဗြူးဗြဲဗြဲထလုပ်ပြီး
ကြာရင်တော့ သူပဲပြန်အလိုလိုက်တာ
ဒီကPark Chanyeolတို့
သိလေတော့ အရင်ပုံစံအရင်အတိုင်းပဲပေါ့...

"တစ်ယောက်တည်း
မွေးထားပေလို့တော်သေးတယ်...
မင်းလိုကောင်မျိုး နှစ်ယောက်ထွက်လာရင်
ငါတော့မလွယ်ဘူး...၊အမေမရှိတော့လို့
ဒီအဖေကပဲသူ့အလိုလိုက်ပေးတယ်အမြဲ...
ဒါကိုတောင်ငါ့မျက်နှာကိုအိုးမဲသုတ်တဲ့ကောင်...''

ဒယ်ဒီကတော့
သူ့ရဲ့ကိုးဆယ်ပြည့်နှစ် ဓာတ်ပြားဟောင်းကြီးကို
ဆက်လက်ဖွင့်ပြနေတော့သည်...

chanyeolသည်
ကြာတော့နားတောင်ငြီးလာသည်...

အမှန်တော့ဒယ်ဒီက
သူ့ကိုနားလည်ပေးသင့်သည်လေ..

တွေးကြည့်မယ်ဆိုရင်...
Chanyeolဟာ တခြားရွယ်တူတွေလို
အထက်တန်းကျောင်းသားတွေသဘာဝ လက်တည့်စမ်းပြီး
ဆေးလိပ်ခိုးသောက် အရက်ခိုးသောက်
clubတက်ကြည့်တာတွေ
ကောင်မလေးတွေနဲ့တွဲကြည့်တာတွေတောင်
လုပ်ခဲ့ဖူးသူမဟုတ်ပါ

က​လေးအထာWhere stories live. Discover now