"ဘာလို့ ငါ့မျက်နှာကိုပဲလာလာကြည့်နေရတာလဲ...
ဟင်းချိုအပူကြီးသောက်ရတာ နှစ်ခါရှိပြီ''Baekhyunဆူပုတ်ပုတ်နဲ့
ပြောလိုက်တော့မှ
Chanyeolက ပြာပြာသလဲဖြစ်သွားသည်ဘယ်ဘက်လက်နဲ့ ဇွန်းကိုင်လို့မမြဲတာကြောင့် Chanyeolခွံ့ကျွေးတာကို
စားမှပင်ပိုဆိုးနေသောအခါ...ထမင်းခွံ့နေရင်း
Baekhyunနှုတ်ခမ်းထောင့်မှ ထမင်းစေ့လေးကို
သူ့ပါးစပ်ထဲကောက်ထည့်တတ်သေးသည်။မရွံတတ်ဘူးလား...ဗိုက်ဆာနေတာလား...
အမျိုးမျိုးလျှောက်တွေးရင်း
စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့်
Chanyeolပြုစုသမျှကို
ဒေါသလည်းမထွက်နိုင်တော့ပါ။ထမင်းစားပြီးတော့ ဝရံတာမှာ
အပင်လေးတွေသွားကြည့်နေသောBaekhyunကို
Chanyeolမှာ
အသည်းယားလို့မဆုံးနိုင်အောင်ပင်။ခန္ဓာကိုယ်က
သိသိသာသာဖောင်းတစ်တစ်လေးဖြစ်နေတာမို့
အနောက်ကကြည့်ရင် စုဘူးလေးတစ်ဘူးကို
ထောင်ထားတဲ့ပုံစံဖြစ်နေသေးသည်။"စုဘူး..."
"ဘာာ! ''
"ဟာ..မဟုတ်ဘူး...ယောင်သွားလို့''
ကိုယ့်အတွေးနဲ့ သဘောကျနေတုန်းမှာ
သူ့အနား Baekhyunရောက်နေတာကိုပင်
မသိလိုက်တော့ပေ...။
သူ့အတွေးတွေကိုသာ Baekhyunသိရင်
သောင်းကျန်းလိုက်မဲ့ဖြစ်ခြင်း..။"မင်းစာမလုပ်ဘူးလား...
စာမေးပွဲကျချင်တာလား..''Baekhyunပြောလိုက်တော့
Chanyeolမျက်နှာကြီးရှုံ့မဲ့သွားလေသည်။
ဘယ်လောက်ပဲ Baekhyunကို
သည်းခံပေးဂရုစိုက်ပေး၍
ရင့်ကျက်တဲ့ပုံစံလေးဖမ်းနေသော်လည်း
စာမလုပ်ချင်တဲ့ကလေးစိတ်ကတော့မပျောက်သွား။"နောက်တစ်ပတ်မှ......
ဟုတ်ကဲ့..၊လုပ်ပြီ''Chanyeolစကားတောင်မဆုံးသေး...
Baekhyunရဲ့အကြည့်ကြောင့်
စာကြည့်ခန်းထဲဝင်ပြေးရလေသည်။လုံးဝစိတ်မပါသော်လည်း
စာကြည့်ခန်းနား ရစ်သီရစ်သီလုပ်နေသော
Baekhyunကြောင့် ရယ်ချင်တစ်ဝက်နဲ့ပဲ
စာကို အာရုံစိုက်ရတော့သည်။
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg