34

15.6K 1.3K 58
                                    

"မောင်...ဒီပုံလေး ကြည့်ကောင်းလား''

Baekhyunက cameraထဲမှ
photoတစ်ခုကို လက်ညိုးထိုးပြရင်း
Chanyeolကို မေးလိုက်၏...
Chanyeolက သူ့ကိုပြလာတဲ့ပုံကို
ယူကြည့်​လေသည်။

အဝါရောင်ပန်းခင်းကြီးထဲမှာ
Hyunက လှဲအိပ်နေသည်ကို
သူကအပေါ်ဘက်ကနေ ရိုက်ယူပေးထားရသည့်ပုံ။

အချစ်အတွက်ဆို ကိုယ်ဟာ စားဖိုမှူးရော..
တောက်တိုမယ်ရရော...
ကင်မရာမန်းလည်း ဖြစ်နေတတ်ပါသည်။

"အင်း..ချစ်ဖို့ကောင်းတယ်''

Baekhyunက ကုတင်ဘေးက
သစ်သားခုံလေးမှာထိုင်ပြီး
Cameraခလုတ်ကိုနှိပ်၍ ဓာတ်ပုံတွေပြန်ကြည့်လိုက်
မုန့်ထိုင်စားလိုက်လုပ်နေပေမဲ့....၊

Chanyeolကတော့ လေးရက်ခရီးမှာ
သူတို့ဖွထားသမျှ အဝတ်အစားတွေ၊
အသုံးအဆောင်ပစ္စည်းတွေကို
ဂရုတစိုက် သိမ်းဆည်းနေရသည်....

"အာ....ဒီအရသာက ကောင်းလိုက်တာ''

peperoချောင်းလေးတွေ တစ်ခုပြီးတစ်ခုစားကာ
Baekhyunက အကြိုက်တွေ့နေသည်။
Chanyeolဘက်ကို ကြည့်ပြီးတော့လည်း
သွားတန်းလေးတွေပေါ်အောင် ရယ်ပြလာသေးသည်

ထိုအခါ ချောကလက်အနှစ်တွေကပ်နေတာကြောင့်
ပေါ်လာတဲ့ သွားဖြူဖြူလေးတို့မှာ
မည်းတူးတူးလေးတွေဖြစ်နေတော့သည်..

Chanyeolမှာ
ပါးပြင်တွေကပေါက်စီလုံးလိုထင်ရပြီးသွားချွန်ချွန်လေးတွေမှာရယ်စရာကောင်းနေတဲ့
သူ့အချစ်ကို တော်တော်အူယားနေပြီဖြစ်သည်။

"ကလေးလိုပဲ... ''

"ဟာကွာ.."

ကလေးလိုပဲလို့ ပြောလိုက်တော့ မျက်လုံးထောင့်ကပ်ကြည့်သည်..
မကျေနပ်ဘူးဆိုတဲ့သဘော...။

"အဲ့ဒီဟာကွာ​လေးကလည်း ချစ်စရာလေး''

"မောင်ရဲ့ဟာဗျာ​လေးကလည်း ချစ်စရာ​လေးပဲကို"

Baekhyunတစ်​ယောက် ခါးကိုင်းရင်း
သူ စားလက်စpeperoချောင်းလေးတစ်ခုကို
Chanyeolကိုလှမ်းခွံ့လိုက်သည်..
ပြီးနောက် cameraကိုသာပြန်ကြည့်ရင်း..အေးဆေးပြောလာသည်...

"​မောင်တစ်ခါတ​လေ​​ပြောတတ်တယ်​လေ ဟာဗျာ..ဟာဗျာ နဲ့အဲ့တာ​လေးကချစ်ဖို့သိပ်​ကောင်းတာသိရဲ့လား.."

က​လေးအထာWhere stories live. Discover now