20

18.3K 1.4K 107
                                    


တစ်ဖက်ခန်းမှ ခပ်သဲ့သဲ့ညည်းညူသံကြောင့်
Baekhyunထထိုင်လိုက်မိ၏...
ကိုယ်ပေါ်မှ စောင်ကိုဖယ်လိုက်ကာ
သူ ကုတင်အောက်ဆင်းလာမိသည်...

ထို့နောက် Chanyeolအခန်းထဲသွားကြည့်မိတော့
မျက်နှာလေးမဲ့ကာ
ကုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်နေတာ တွေ့ရလေသည်

Baekhyun ကုတင်ဘေးမှ စားပွဲတင်မီးဖွင့်ပြီး..
အကဲခတ်ကြည့်လိုက်တော့Chanyeolမျက်နှာဟာ
မီးရောင်ကြောင့်လားတော့မသိ၊ အနည်းငယ်ရဲနေ၏။

"Chanyeol...''

ခပ်တိုးတိုးခေါ်ပြီး နဖူးကိုစမ်းကြည့်မိရာ
Baekhyunထင်တဲ့အတိုင်း ကိုယ်တွေပူနေခဲ့တာ
ပါးပြင်နဲ့ လည်ပင်းတွေလည်း နွေးလို့။

"Chanyeol..
ထဦး..Chanyeol ''

သူ လှုပ်နှိုးလိုက်တော့ Chanyeolနိုးသွားပြီး
ကယောင်ကတမ်းပြောလာသည်။

"Hyung...အိပ်မပျော်လို့်လား..''

"ဟာ...မင်းဖျားနေလို့....။
ဆေးသောက်ပြီးပြန်အိပ်ရမယ်၊
အနောက်ကို နည်းနည်းမှီလိုက် ''

Baekhyunစကားကြောင့်
မျက်လုံးတွေမှေးစင်းလျှက်နဲ့ပင်
ကုတင်ခေါင်းရင်းကို မှီထိုင်ထားလိုက်တဲ့ Chanyeolဟာ..
ချွေးစေးတွေပြန်နေတာမှ ရွှဲနစ်နေတာပဲ ။

ဒီအတိုင်းဆိုမဖြစ်သေး....၊
Baekhyun ရေချိုးခန်းထဲမှ
ရေဇလုံခပ်ကြီးကြီးတစ်ခုကို သွားယူလာကာ
ဗီရိုထဲက,အဝတ်အစားတွေကိုလည်း
ယူထုတ်ပေးရတော့သည်။

"Hyung...
မျက်နှာက အရမ်းနာတာပဲ..''

တစ်ကျစ်ကျစ်စုတ်သပ်ရင်းပြောလာတဲ့
Chanyeolဟာ
တကယ်ကိုနာကျင်နေရတဲ့ပုံ...

ဇာတ်ကားထဲကလို ရန်ဖြစ်ပြီးတာနဲ့
ရော့အင့်ပျောက်ဆိုပြီးမဖြစ်။
လက်သီးနဲ့ထိုးခံရတာလေ...
လက်ညှိုးနဲ့မှမဟုတ်တာ။
တော်တော်ကိုက်ခဲနေရမှာ..

"အင်းပါ...
သက်သာသွားမယ်နော်..''

ကြယ်သီးတွေတလုံးချင်းဖြုတ်ပေးပြီး
အပေါ်အင်္ကျီကို ချွတ်လိုက်တော့..
မှေးစင်းထားတဲ့မျက်လုံးတွေက
Baekhyunကို သေချာကြည့်လာသည်။

"ဘာ..ဘာလုပ်မို့...''

"ချွေးတွေအရမ်းထွက်နေတယ်
ရေပတ်တိုက်ပေးမို့..
ပြီးမှ ဆေးသောက်ပြီးပြန်အိပ် ''

က​လေးအထာWhere stories live. Discover now