12

15.9K 1.4K 77
                                    

လေးလ,ကြာအိမ်ထောင်ရေးသည်
အရင်လိုအေးစက်စက်သာဖြစ်သည်...

ဒါပေမဲ့ အေးစက်တယ်ဆိုတာ
Baekhyunရဲ့တစ်ဖက်သတ်အတွေးသာ..

Chanyeolကတော့
သူ့ဘဝဟာBaekhyunရောက်လာမှ
ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပြီလို့..ထင်မှတ်ထားမြဲ

Sundayနေ့လည်ခင်းတွင်
ရေမိုးချိုးပြီး...အခန်းပြင်ထွက်လာမိတုန်း..
ဧည့်ခန်းစားပွဲပေါ်တွင်..
တရုတ်ဘွန်ဇိုင်းပင် မြေအိုးသေးသေးလေးတွေကို
Baekhyunတွေ့လိုက်ရသည်....။

လက်ဖဝါးခန့်သာရှိသေးသော
ထိုအပင်ပုစိလေးတွေကို
စားပွဲနားမှ Baekhyunအသာရပ်ကြည့်နေမိသည်...

"Hyungသဘောကျမယ်ထင်လို့..
ကျွန်တော်မနေ့ထဲက
မှာပေးထားတာ...ခုနကမှလာပို့ကြလို့။
ကြိုက်ရဲ့လား..''

Chanyeolပြောလိုက်တော့
Baekhyunက
အနည်းငယ်တွေဝေသွားပုံပေါ်သည်...။

ဒါပေမဲ့...ခဏလေးကြာတော့
ထိုအပင်လေးတွေကို
ဝရံတာဆီသို့ တဖြေးဖြေးရွှေ့နေတော့၏...

အပင်အိုးလေးတွေကို
ဝရံတာဘောင်မှာ စီစီရီရီနေရာချလေသည်...

Baekhyunအပြုအမူလေးကို
Chanyeolမှာ သဘောကျလို့မဆုံး
အပင်လေးတွေကို ချစ်တတ်တဲ့Hyungက
အတွင်းစိတ်လေးလည်း နူးညံ့နေမှာ
Chanyeolသိပါသည်...။

ကြုံတောင့်ကြုံခဲ
Baekhyunအပြုံးရေးရေးလေးကြောင့်
Chanyeolလည်း လှမ်းကြည့်ပြီးပျော်နေရ၏...။

သူရပ်ကြည့်နေမိတုန်းမှာပဲ
ပန်းပင်လေးတွေကို ဖုန်းcameraနဲ့
တဖျတ်ဖျတ်ရိုက်နေလိုက်သေးတာ...

ကြာကြာတော့ ရပ်မကြည့်အား..
ညနေစာအတွက် ဘယ်လိုတွေချက်ပြုတ်ရမလဲဆိုတာ
အိမ်ကArjumaကိုMessageလှမ်းပို့ရမှာမို့ပင်...။

အရင်ကဆို ခေါက်ဆွဲတောင်သေချာမပြုတ်တတ်တဲ့
Chanyeolဟာ အခုရက်တွေကစလို့
သေချာတော့ ချက်တတ်နေပြီဖြစ်သည်...
Arjumaကတော့ဟင်းတွေကိုမြည်းစမ်းကြည့်ပေးရင်း..
Chanyeollieက လက်ဆိတ်ရှိသားပဲလို့
ချီးကျူးတတ်သည်....

Chanyeolချက်ပေးတဲ့ ညစာကိုလည်း Baekhyunက
ကောင်းကောင်းစားသည်....။

Chanyeolအရိပ်တကြည့်ကြည့်ရှိနေလို့
သတိထားမိသည်....သူ့ Hyungလေးက
မဆိုစလောက်လေးပြည့်လာသည်....

က​လေးအထာWhere stories live. Discover now