36

18.7K 1.6K 91
                                    

ဆွံ့အစွာ ဘာမှမပြောနိုင်တဲ့
Chanyeolက
စက္ကန့်ပိုင်းလောက်အကြာမှ
အသိဝင်လာတော့သည်။
သူ့ကလေးလေးတဲ့လား...

"ခ...ခဏလေး မောင့်ကိုသေချာပြောပြပါဦး''

Baekhyunသည်
အောက်နှုတ်ခမ်းလေးကိုသာ
ဖိကိုက်ထားဆဲ....
တကယ်ပဲ အဆူခံရတော့မှာ
ကိုယ့်ကိုကိုယ်သိနေသည်။

"ငါ့မှာ မောင့်ကလေးရှိနေပြီလို့...
ဟို...ကိုယ်တိုင်မွေးပေးမဲ့
ကလေး..လေး...''

Chanyeolက
မျက်ခုံးကြောတွေ ကြုံ့လာတော့
Baekhyunစိုးရိမ်လာမိသည်။

မျက်နှာငယ်လေးနဲ့
chanyeolကိုယ်ပေါ်က
ပြန်ဆင်းလိုက်သည်။

"တကယ်ပဲလား....
ဘယ်လိုမျိုး...Hyunဆီမှာ..''

သူတွေးမိနေသမျှ၊ မေးခွန်းထုတ်နေသမျှကို
ဘာမှပြန်မပြောပဲ
နှုတ်ခမ်းလေးအသာကိုက်ထားတဲ့
Baekhyunကြောင့်...
သူခေါင်းမီးတောက်ချင်နေရပြီ။

"ဟာဗျာ...''

Chanyeol မွန်းကြပ်လာရပြီး
ဆိုဖာပေါ် ဘုန်းကနဲထိုင်ချကာ
မျက်နှာကို လက်နှစ်ဖက်နဲ့
အကြောင်းမဲ့ပွတ်သပ်နေမိသည်။

"တကယ်ပဲပေါ့....''

Chanyeolက
baekhyunဘက်ကိုစိုက်ကြည့်မေးရင်း
မျက်ရည်တွေလည်း ဝဲတက်လာသည်။

အခုအချိန်မှာ သူ့ရင်တွေပူနေရတာအမှန်ပဲ...
အော်ဟစ်သောင်းကျန်းပစ်လိုက်ချင်တာလည်း
အမှန်ပဲ..

ဒါပေမဲ့ အော်ပြောဖို့ မပြောနဲ့...
လေသံတောင် သူမမာရက်ပါဘူး။

Chanyeolက
သက်ပြင်းတွေသာ အခါခါချသည်။
သူ့ရင်တွေမီးလိုပူနေရသည်...။

"ဟား...အဲ့တာHyunပဲ ဒုက္ခရောက်မှာသိရဲ့လား''

Baekhyunကတော့ မလှုပ်မယှက်ပဲ
ထိုနေရာမှာတင် မတ်တပ်ရပ်နေဆဲ။

Chanyeolသည် ပုံမှန်လေသံနဲ့သာ
သူ့ခံစားချက်တွေကိုပြောပြနေသည်။
သူ့မှာ အပြစ်လည်းပြောချင်
Baekhyunစိတ်မကောင်းဖြစ်မှာလည်း ကြောက်...။

တကယ်ခက်ပါသည်။

"အရာရာ Hyunစိတ်တိုင်းကျအကုန်
လိုက်လျောပေးတာပဲလေ....

ဒီကိစ္စကိုတော့...
မောင့်ကိုအိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့
ဝင်ဆုံးဖြတ်ပိုင်ခွင့်မပေးတော့ဘူးလား။
မောင့်ဆန္ဒက တကယ်ပဲအရေးမပါတာလား.''

က​လေးအထာWhere stories live. Discover now