40

15.5K 1.4K 82
                                    

Chanyeolအဖေပြောတဲ့အတိုင်း
ဘုန်းကြီးကျောင်းတွင်
အလှူအတန်းသွားလုပ်ခဲ့ကြရာ
မနက်ပိုင်းတစ်ခုလုံး
လိုအပ်တာမှန်သမျှလှူခဲ့ကြပြီး
နှစ်ယောက်လုံး စိတ်အေးချမ်းရသော်လည်း
နေ့လည်ခင်းမှာတော့ ဒုက္ခများရတော့၏။

"hyunရေ....မောင် အရမ်းညောင်းလာပြီ''

Chanyeolမှာ ကိုယ့်ဒူးတွေပေါင်တွေကို
ကိုယ်တိုင်နာနာထုရင်း ညည်းညူနေမိသည်။
ဒါပေမဲ့ Baekhyunက
လေသံ​ဖျော့​ဖျော့လေးနှင့်ပင်

"အခုမှအကြိမ်၅၀ပဲရှိသေးတယ်...
ကလေးအတွက်ပဲကို...
စိတ်ရင်းနဲ့သေချာဆုတောင်းလေ ​မောင်ရဲ့''

Baekhyunချော့ပြီး ပြောလာတော့
Chanyeolမှာ လက်နှစ်ဖက်ကိုယှက်ပြီး
နဖူးနဲ့ကြမ်းပြင်ထိအောင်
ထပ်မံဦးချပေးရတော့သည်။

ဘေးက ဘုန်းတော်ကြီးသည်လည်း
Chanyeolကို
ခပ်အေးအေးသာကြည့်နေသည်။
တချို့ကိုယ်တော်လေးတွေရဲ့
စာသံပေသံတွေ ကြားရတာ
စိတ်အေးချမ်းစရာပေမဲ့
သူ့ရင်ထဲသိပ်အေးချမ်းမနေ။
နဖူးစပ်မှာပင် ချွေးတွေသီးနေရကာ..
ဒူးတွေပေါင်တွေ တော်တော်တောင့်နေရပြီ။

ဘုန်းတော်ကြီးကို
သူ,ဟဲခနဲ တချက်ရယ်ပြလိုက်မိသည်။
အကြိမ်အရေအတွက်များ
လျှော့ပေးလို လျှော့ပေးဌားပေါ့.....။
သူ့ရုပ်ကလေးက
''သနားကမားနဲ့ချစ်စရာကောင်းတယ်''လို့
ဒယ်ဒီကပြောဖူးတာကြောင့်။

"ဒကာကြီး....မိုးနတ်မင်းဆီမှာ
ဆုတောင်းတဲ့အခါ
စိတ်ကိုအေးအေးချမ်းချမ်း
တည်တည်ငြိမ်ငြိမ်ထားရတယ်လေ....
ဘယ်နှယ့် ရယ်နေတာတုန်းး...''

"ဟုတ်...အဲ...တင်ပါ့ဘုရားး...''

Chanyeolမှာ အောင့်သက်သက်ဖြစ်နေဆဲ။
အကြိမ်၁၀၀ကတော့
များလွန်းသည်လို့ခံစားမိတာကြောင့်ဖြစ်သည်။

ဆက်တိုက် ထိုင်လိုက်ထလိုက်နဲ့ မိုးနတ်မင်းကို
ဦးချဆုတောင်းရင်း ကိုယ့်အနောက်ဘက်က Baekhyunကိုကြည့်မိသည်။

ယောကျာ်းပေါက်စဟာ ကျောင်းဆောင်ရဲ့
တိုင်လုံးခပ်ကြီးကြီးကိုမှီပြီး...
ဘုန်းဘုန်းဧည့်ခံတဲ့
တည်သီးခြောက်တွေထိုင်စားနေ၏။

က​လေးအထာWhere stories live. Discover now