32

18.4K 1.4K 78
                                    


မနက်ခင်းရောက်သည်နှင့်
အရင်ဆုံးနိုးလာရသူကBaekhyun...

လိုက်ကာတွေအကုန်ဆွဲချအိပ်တတ်တဲ့
Chanyeolကတော့
ခပ်မှောင်မှောင်အခန်းထဲ နှပ်လို့ကောင်းတုန်းပင်

''မောင်...ထတော့​''

ခရီးသွားရင်ဟိုဟိုဒီဒီနေရာစုံလျှောက်သွားပြီး
စိတ်တိုင်းကျ လည်ပတ်ရတဲ့အရသာကို
Baekhyunက အနှစ်သက်ဆုံးဖြစ်၏

ဟိုတယ်မှာပဲကွေးနေရမှာ
ပျင်းဖို့ကောင်းလွန်းတယ်လို့ သူထင်သည်
ရာသီဥတုသာယာတဲ့ ဂျယ်ဂျူးမနက်ခင်းမှာ
စောစောစီးစီးနေရာစုံသွားသင့်သည်

ဒါပေမဲ့ မနေ့ညကတော်ရုံနဲ့မအိပ်..
လူကိုကလိနိုင်လွန်းသော Chanyeolက
အခုချိန်ထိ အိပ်မောကျနေဆဲပဲ

"မအိပ်နဲ့တော့...''

စောင်ပုံကြီးအောက်က Chanyeolသည် ​ကွေးကွေးလေးအိပ်ပျော်နေ၏။

နားရွက်ကားလေးတစ်ဖက်ကို
သူ့လက်နဲ့ခပ်ဖွဖွထိကိုင်လိုက်တော့
ပျင်းရိပျင်းတွဲနဲ့မျက်လုံးဖွင့်ကြည့်လာသည်

"မိုးတောင်မလင်းသေးဘူးလေhyunရဲ့
ပြန်အိပ်ပါဦး''

ChanyeolကBaekhyunကိုပါ
ဖက်ပြီးပြန်အိပ်ဖို့ကြိုးစားလေသည်

စိတ်ပေါက်ပေါက်နဲ့
ကုတင်ပေါ်မှဆင်းကာ
လိုက်ကာစတွေကိုသွားဆွဲဖွင့်တော့
အလင်းရောင်က
အခန်းထဲတိုးဝင်ရောက်လာသည်
"အာ...မျက်လုံးစူးတယ်''

"ဒါဆိုထသင့်ပြီ အပျင်းတစ်မနေနဲ့''

ကုတင်ဘေးမှာဝင်ထိုင်ပြီး
Chanyeolနှာထိပ်လေးကိုဖွဖွဆွဲညှစ်၍
နှုတ်ခမ်းတထော်ထော်နဲ့ပြောလာသည်

ချစ်ဖို့ကောင်းလွန်းတာကြောင့်
Chanyeolမှာ အသည်းတကြိမ်းကြိမ်းဖြစ်နေရသည်

Chanyeol,ငုတ်တုတ်ထထိုင်လိုက်ကာ
ခင်ပွန်းလေးအလုပ်ရှုပ်နေသမျှကို
လိုက်ကြည့်နေမိသည်

luggageထဲက အက်ႌေတြထုတ္ကာ
အပြင်သွားဖို့ရွေးနေပုံရ၏

Baekhyunကို
အနောက်ဘက်ကနေ မြင်နေရတဲ့အတွက်
ပါကေးကြမ်းပြင်မှာ ဆောင့်ကြောင့်လေးထိုင်ချရင်း
အဝတ်အစားရွေးနေသော ပုံရိပ်လေးက
ခန္ဓာကိုယ်လုံးတစ်တစ်လေးနဲ့
ချစ်ဖို့ကောင်းလွန်းပါသည်

က​လေးအထာWhere stories live. Discover now