15

15.4K 1.3K 16
                                    

"ဟာ...တကယ်ပဲဘာမှမဘာရသေးဘူးပေါ့!!''

JongDaeရဲ့ High noteကြောင့်
Chanyeolမှာ
အလျင်အမြန်ပါးစပ်လှမ်းပိတ်ရလေသည်။

"တိုးတိုးပြောစမ်းပါကွ..မင်းကလည်း''

"မင်းတို့ဟာကမဟုတ်သေးဘူးနော်..
ယူထားတာပဲ9လလောက်ရှိနေပြီ..''

နှစ်ယောက်သား အစ်အောက်မေးမှုများမှ
ထွက်လာသော Chanyeolစကားကြောင့်
Sehunနဲ့JongDaeအံ့သြနေမိတာဖြစ်သည်။

"တစ်နှစ်လောက်စောင့်ဦးမလို့လား..''

"အဲ့လိုတော့လည်း..''

Chanyeolမျက်နှာတွေနီလာကာ
ဘာမှဆက်မပြောနိုင်တော့ချေ။
လိုလို့လား....အဲ့ကိစ္စက..
မရှိမဖြစ်လား...

"လက်ထပ်ထားပါတယ်ဆိုမှကွာ...
တစ်ယောက်နဲ့တစ်ယောက်ပိုင်ရမှာလေ..
သံယောဇဉ်တွေပိုတိုးလာအောင်
နည်းနည်းပါးပါးတော့လှုပ်ရှားစမ်းပါ''

"ဘာတွေထပ်လှုပ်ရှားရမှာတုန်း..
အခုမှ စကားနည်းနည်းပါးပါးပြန်ပြောတာကို...''

"မင်းကတော့တကယ်ပဲ...
မထုံတထေးတွေလုပ်နေတာကိုး.."

သူငယ်ချင်းတွေက စေတနာနဲ့ပြောမှန်းသိပေမဲ့..
Chanyeolမစဉ်းစားတတ်တော့။

"ငါကတော့
သူ,ကြည်ကြည်ဖြူဖြူခွင့်ပြုတဲ့နေ့ကိုပဲစောင့်ချင်တယ်''

တကယ်ဆိုလည်း
Chanyeol ဆုံးဖြတ်ထားနှင့်ပြီးဖြစ်ပါသည်။
သူ့အတွက် Baekhyunရှိနေဖို့ကလွဲပြီး
ကျန်တာမလိုတော့အောင်ပြည့်စုံနေပြီပဲဟာ၊

"ပြန်တော့မယ်ကွ...
အိမ်မှာHyungတစ်ယောက်တည်း''

"တစ်နာရီတောင်ပြည့်အောင်မထိုင်နိုင်ဘူး...
ဘယ်လိုဖြစ်တာတုန်း..
ရောက်လာတည်းက ဖင်တကြွကြွနဲ့''

Sehunတို့ပြောလည်းပြောချင်စရာပါပေ။
လက်ထပ်လိုက်ပြီးတည်းက
အရင်လိုnight outဖို့နေသာသာ
dayတောင် မoutနိုင်တော့သောChanyeol...

ပိုဆိုးတာက အပြင်လေးတစ်ခါမသွားလိုက်နဲ့..
တHyung Hyungနဲ့
နောက်ဆံတင်းနေတတ်သေးသည်။

"မသိပါဘူးကွာ...အနားကကိုမခွာချင်တာ..''

Chanyeolကတော့ City martတစ်ခုမှာ Baekhyunကြိုက်တတ်တဲ့မုန့်တွေနဲ့
တခြားပစ္စည်းတွေဝင်ဝယ်ရင်း...
အိမ်ပြန်လာလိုက်တော့သည်။

က​လေးအထာWhere stories live. Discover now