24

22.2K 1.6K 140
                                    

Barကိုရောက်သည်နှင့်တီးဝိုင်းအဖွဲ့မှ
သီချင်းသံတွေကိုအရင်ဦးစွာကြားလိုက်ရပြီး
Hannaကတော့
ထောင့်ကျကျစားပွဲတစ်ခုမှာ
ခေါင်းမှောက်ကာ ငြိမ်နေခဲ့၏...။

''Hanna...''

သူမအနားကို
Baekhyunရောက်သွားပြီးခေါ်မိသည်...

စားပွဲပေါ်မှာလည်းမက်ဂျူဘူးတွေနဲ့
အရက်ပုလင်းတချို့က မနည်းမနော...

"ဘာလို့် အဲ့လောက်တောင်
သောက်ထားရတာလဲ ''

သူ့အသံကြားတော့
မျက်လုံးတွေနီကျင်နေတဲ့Hannaက
ခေါင်းမော့ကြည့်လာသည်....။

"hak..လာသားပဲ...''

"အန်တီတို့စိတ်ပူနေတော့မယ်။
ပြန်ရအောင်...ငါအိမ်လိုက်ပို့ပေးမယ်.''

ပြောရင်းဖြင့် အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး
ကြိုးတလုံးဂါဝန်ဝတ်ထားတဲ့
သူမကို ခြုံပေးလိုက်သည်...။

သူမရဲ့ပိုက်ဆံအိတ်တွေ
ကဒ်တွေ ကားသော့တွေကို
Baekhyunတစ်ခုချင်းသိမ်းဆည်းနေပေမဲ့
Hannaကတော့ ပေကပ်ကပ်ထိုင်နေဆဲ...

'' ပြန်ရအောင်ကွာ..ထ''

"အိမ်က လူတွေတောင်မသိအောင်
ပြန်လာပါတယ်ဆိုမှ... ဟားး....''

စိတ်ရှုပ်သလိုဆံပင်တွေကို ထိုးဖွရင်း
ပြောလာတဲ့ဗလုံးဗထွေးစကားကြောင့်
Baekhyunမျက်မှောင်ကျုံ့မိသည်...။

"အိမ်မှာမနေပဲ ဘယ်မှာနေနေတာလဲ''

"ဟိုတယ်မှာနေနေတာဟာ..
နင့်ကိုပြန်ပိုးရတာကလေ..
ငွေလည်းကုန်တယ်... လေလည်းကုန်တယ်..
စိတ်ပျက်ဖို့ကောင်းတယ်..''

Hannaစကားကြောင့်
Baekhyunရယ်ချင်မိသွားရသည်..။
စကားပြောရင်
ဗွင်းဗွင်းကြီးပြောတဲ့အကျင့်ကလည်း
ခုထိမပျောက်ပေ။

"​အေး..အဲ့ဟိုတယ်ကိုပြော..''

ပို့မဲ့မို့ ကူးတို့ရောက်မှကောင်းတော့မှာမို့..
မူးနေတဲ့Hannaကိုပုခုံးကနေ ထိန်းပေးရင်း
သူမ,ကားကိုယူမောင်းလာခဲ့လိုက်သည်...

သူမ,ပြောတဲ့ ဟိုတယ်ကိုသွားနေတုန်းမှာပဲ
အသည်းကွဲသီချင်းတွေအော်ဆိုရင်း ကားပေါ်မှာတင်
အန်ချလိုက်တဲ့Hannaကြောင့်
Baekhyunရူးချင်လာသည်။

က​လေးအထာWhere stories live. Discover now