4

14.6K 1.3K 13
                                    

💬 ကျွန်တော်ပဲလာခေါ်မယ်Hyung
Hyungမလာခဲ့နဲ့စောင့်နေနော်☺️

တစ်ဖက်မှmessageလေးကြောင့်
သူ ပြုံးလိုက်မိသည်...

ကလေးဆန်တယ်လို့ပြောရင်လည်း
မကြိုက်တဲ့Chanyeolဟာ
Baekhyunကိုဆို
ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင်
အမြဲMessageပို့နေတတ်သည်...

ပို့တိုင်းလည်း
အသည်းယားဖို့ကောင်းတဲ့Emojiတွေက မပါမဖြစ်
ခဏစောင့်ပြီးမကြာလိုက်..

💬ကျွန်တော်ရောက်နေပြီ Hyungရေ^^
ဆိုတဲ့messageလေးဝင်လာတော့
မျက်ခုံးအသာပင့်မိသည်..

သူကစပြောခဲ့သူဖြစ်ပေမဲ့
chanyeolက ပိုပြီးတက်ကြွနေလို့ပင်...

Chanyeolမှာတော့
မနက်​စောစော7နာရီကတည်းကအိပ်ရာထကာ
ရှိုင်းနင်းဂွိုင်းနင်းတွေလုပ်ထားပြီးstyleအပြည့်နှင့်..

မကြာခင်Hyungဆင်းလာတော့မှာမို့
ကားမှန်ကိုကြည့်ပြီးတော့ ကိုယ်ဟန်အနေအထားကို
အမျိုးမျိုးလုပ်ကြည့်နေမိသည်.....

T-shirtအဝါလေးပေါ်ကိုမှ
လူငယ်ဆန်ဆန်ကုတ်အကျီင်္အနက်လေးထပ်ဝတ်ကာ
ဂျင်းဘောင်းဘီဒူးပြဲနှင့်အထာကျကျ
ဆံပင်တွေလှန်တင်ထားသောမိမိဟာ
ယနေ့အလွန်ပင်မိမိုက်နေသည်မို့
Hyungတော့မသိ..Chanyeolကတော့
ကိုယ့်ကိုကိုယ်ပြန်ကြွေနေလေ၏...😼

စိတ်ကြီးဝင်နေလို့မှ မဆုံးသေး..
ဖုန်းကိုတပြုံးပြုံး နှင့်ပြောပြီး
သူ့ဆီလျှောက်လာသော Hyung...

အပြာစင်းလေးတွေပါတဲ့ ရှပ်အကျီင်္လက်ရှည်လေးကို
လက်တစ်ဝက်ထိခေါက်ကာ
ဂျင်းဘောင်းဘီအဖြူလေးထဲထည့်ဝတ်ပြီး
Slipperအဖြူလေးစီးထားတဲ့Hyungက
ရိုးရိုးရှင်းရှင်းနဲ့ပဲ
Chanyeolရင်ထဲ ထိုးဖောက်ဝင်သည်...

ကားနားရောက်တော့
တံခါးတွေအမြန်ပြေးဖွင့်ပေးပြီး..seat beltကိုပါ
သူကိုယ်တိုင်ပတ်ပေးမိသည်....

Hyungမျက်နှာလေးနဲ့နီးကပ်သွားတာမို့
Chanyeolမှာရင်တုန်မိသွားသလောက်
Hyungကတော့
ရှေ့တည့်တည့်ကိုသာကြည့်ရင်း ဖုန်းပြောမပျက်ပေ...။

ဖုန်းပြောပြီးမှ
Chanyeolကိုကြည့်ပြီး ပြုံးပြလာသည်...
နှုတ်ခမ်းပေါ်ကမှည့်လေးကအတိုင်းသား..

က​လေးအထာWhere stories live. Discover now