30

19.7K 1.4K 57
                                    

ပြန်လာရမည့်ရက် ရောက်တဲ့အထိ
လုံးဝအဆက်အသွယ်ဖြတ်ထားတဲ့Chanyeolကို
Baekhyunစိတ်ဆိုးရမည့်အစား
စိတ်ပူမှုတို့က ပိုနေခဲ့သည်...။

Chanyeolတခုခုများ အန္တရယ်ကြုံနေရရင်
ဘယ်လိုလုပ်မလဲ...
အဆင်ပြေပြေရော ရှိနေရဲ့လား ဆိုတာ
Baekhyunခေါင်းထဲ တစေရှိနေခဲ့သည်။

လေးငါးရက် ခရီးထွက်သွားတာကိုတောင်
မနေတတ်မထိုင်တတ်တော့တဲ့အထိ
Baekhyunဘယ်လိုဖြစ်နေရသလဲမသိတော့
အမှန်ကိုပဲ သူChanyeolကိုအရမ်းလွမ်းပါသည်...

dutyချိန်တွေအပြီး..အိမ်အပြန်ကားမောင်းနေရင်း...
ဘေးကပေါက်ပေါက်ဖောက်နေကျကောင်လေးမပါတော့
တကယ်ကို ပျင်းရိခြောက်ကပ်စွာနှင့်...

ကိုယ်လက်တွေနာပြီး နေမကောင်းဖြစ်နေတော့
ဆေးရုံက တာဝန်တွေကလည်း
ဒီလေးရက်တာလေးမှာ ပို၍ပင်ပန်းနေသလိုခံစားရသည်..

စိတ်ပင်ပန်းနေရင် ရယ်စရာတွေပြောပြတတ်တဲ့
တစ်စုံတစ်ယောက်ကလည်း အနားမှာမရှိပါ။

သူ သက်ပြင်းချမိရင်း..ကွန်ဒိုpasswordနှိပ်ကာ
ဧည့်ခန်းအထဲဘက်ကို ဝင်လာမိသည်...။

ထိုအခါ မြင်တွေ့လိုက်ရသည်က အလွန်သပ်ရပ်နေသော
အိမ်အနေအထား..

ဧည့်ခန်းစားပွဲပေါ် အကြည့်ရောက်မိတော့လည်း
အသင့်ဖျော်ထားပြီးသား စတော်ဘယ်ရီဖျော်ရည်တစ်ခွက်..
ပြီးတော့ လက်ဆောင်ပစ္စည်းထည့်ထားတဲ့ဘူးလေးတွေ..
Baekhyun,Chanyeolကိုမှာထားတဲ့
ခရုခွံသေးသေးလေးတွေကိုလည်း
ဖန်ပုလင်းလေးတစ်ခုထဲတွေ့နေရသည်...။

"Chanyeol...''

မောင် လား...??

အဲ့ဒီ့အတွေးလေးနဲ့တင် သူ့စိတ်တွေလှုပ်ရှားလာရသည်...။
ခပ်သဲ့သဲ့ကြားနေရသော ရေချိုးခန်းထဲက ရေကျသံတို့
တိုးတိတ်သွားပြီးတဲ့နောက်မှာ...
Baekhyun အိပ်ခန်းထဲခြေလှမ်းသွက်သွက်နဲ့ ဝင်သွားမိသည်..။

ရေချိုးခန်းတံခါးဖွင့်ပြီး ထွက်လာတဲ့သူဟာ..
တကယ်ပဲ Chanyeolဖြစ်နေခဲ့ပါသည်။

"Hyun...''

Chanyeolက လက်နှစ်ဖက်ကိုဆန့်တန်းပေးကာ
ပွေ့ဖက်လာစေဖို့ အမူအရာလေးလုပ်ပြပေမဲ့
ဘာလို့မှန်းမသိ Baekhyun,Chanyeolကို
မသိချင်ယောင်ဆောင်နေမိသည်...

က​လေးအထာWhere stories live. Discover now