41

15.1K 1.4K 73
                                    

Baekhyunရဲ့ တောင်းဆိုမှုလေးကြောင့်
ရပ်ကွက်ထိပ်က ခေါက်ဆွဲဆိုင်ကို
နှစ်ယောက်အတူသွားခဲ့ကြသည်။

မဝေးမနီးအခြေအနေကြောင့်ရော
Baekhyunအတွက်
လေ့ကျင့်ပေးရာလည်းရောက်အောင်
လမ်းလျှောက်သွားဖြစ်သည်။

မိုးရွာထားတာကြောင့်
ခပ်ချော်ချော်ဖြစ်နေမည့်လမ်းမပေါ်မှာ
Baekhyunကို
Chanyeolသေချာထိန်းပေးထားရသေးသည်။

due dateနီး​နေတဲ့ က​လေး​​ဖေ​ဖေလို့မထင်ရလောက်အောင် ယောကျာ်းပေါက်စက
ခြေလှမ်းတွေ အရင်လိုခပ်သွက်သွက်လှမ်းနေဆဲပဲ။

ဆိုင်ရောက်တဲ့အခါ မိုးထပ်ရွာပြန်သည်။
Baekhyunက မှန်ဘောင်အပြင်ဘက်ကိုငေးလိုက်
ခေါက်ဆွဲပူပူလေးကို
အားရပါးရစားလိုက် လုပ်နေသည်။

Chanyeolကတော့
အဆီလေးတွေဝေ့တက်ပြီး
ပေပွလာတဲ့ Baekhyunနှုတ်ခမ်းပိစိကို
နေရင်းထိုင်ရင်း အသည်းယားနေရသည်။

Chanyeolက
ဘေးနားကနေအစစအရာရာဂရုစိုက်ပေးနေသော်လည်း Baekhyun မျက်နှာလေးက
တဖြည်းဖြည်းမလန်းတော့ပါ။

ခေါက်ဆွဲတစ်ပန်းကန်ကုန်တဲ့အခါ
ပိုပြီးသိသာလာသည်။
Baekhyun ကိုယ့်ဗိုက်ကိုအုပ်ကိုင်ပြီး
မျက်နှာလေးရှုံ့မဲ့နေမိသည်။

"မောင့်သမီးက အကြမ်းပတမ်းပဲကွာ...၊
ကျွတ် ကျွတ်..''

ဒါ ဗိုက်ထဲကကောင်မလေး
ကန်နေတာပဲဖြစ်မည်။
ဒီလိုခဏခဏဖြစ်တတ်ပေမဲ့
ဗိုက်​​အောက်နားက ​အောင့်ပြီးနာလာတတ်တာ​ကြောင့်
Baekhyunအခုထိအသားမကျသေးပါ။

Chanyeolကတော့
မျက်စိပျက်မျက်နှာပျက်နှင့်
ဘာလုပ်လို့လုပ်ပေးရမည်မသိပေ။

Baekhyunအစား
သူသာခံစားပေးချင်တော့သည်။

ညဆိုလည်းညမို့...၊
Baekhyunက ဗိုက်ခဏခဏအောင့်လာတတ်သည်။
ခြေဖမိုးလေးတွေ ဖောင်းတင်းကာ
ခြေထောက်တွေကိုက်ခဲလာတတ်၏။

သူ,နှိပ်နယ်ပေးနိုင်လို့သာ နေရသက်သာနေခဲ့တာ။
ရက်​တွေနီးကပ်လာလေ
သူ့Baekhyunလေး ဒုက္ခများရလေ...။

Chanyeolတကယ်ပဲအားနာမိသည်။

"ကလေးရေ...၊ငြိမ်ငြိမ်နေမှပေါ့..
ဖေဖေ နေရခက်နေပြီလေ..၊
အရမ်းဆော့လို့ဘယ်ဖြစ်မလဲ..၊
လိမ္မာမယ်မဟုတ်လား..''

က​လေးအထာWhere stories live. Discover now