19

16.9K 1.4K 37
                                    

"Hyung...လာစားလို့ရပြီနော်''

Chanyeolခေါ်လိုက်သည်နှင့်
ခန္ဓာကိုယ်လေးကို လှိမ့်ကာလှိမ့်ကာ
ဝမ်းသာအားရနဲ့ ထမင်းစားပွဲကိုအပြေးလာသည်...။

"ပါစတာ...!!''

Baekhyunရဲ့ မျက်လုံးတွေဟာ
အင်မတန်မှတောက်ပကုန်သည်

Chanyeolဟာ အလွန်တော်ပါပေ့...
မြင်တာနဲ့စားချင်စိတ်ဖြစ်အောင် ပြင်ဆင်ပေးထား၏။

ဒါပေမဲ့ Chanyeolဆွဲထုတ်ပေးတဲ့ ထိုင်ခုံလေးမှာ အိကနဲဝင်ထိုင်ရင်း သူအားရပါးရစားဖို့ပါးစပ်ပြင်လိုက်ယုံရှိသေး
တိုးပေးလာသော ပန်ကန်လုံးသေးသေးလေးကြောင့်
မျက်မှောင်လေး အော်တိုကျုံ့သွားရတော့သည်...။

"ဟာ..ငါ့ပန်းကန်က ဘာလို့သေးသေးလေးလဲ''

"Hyung ဝိတ်ချနေတာလေ..
အားတဲ့အချိန်လေးကပ်သပ်ပြီး
Gymဆော့နေရတာနဲ့ တန်အောင်
အစားလေးလည်းလျှော့ပေါ့...''

Baekhyunမှာ
ကိုယ့်ရှေ့က ကြွေပန်းကန်လုံးလေးကိုကြည့်ရင်း
စိတ်တွေမကောင်း...။

Chanyeolကျတော့ အများကြီးယူစားနေပြီး..
ကိုယ့်ကိုကျ ကြောင်စာလောက်ပဲကျွေးတာ
လုံးဝမဖြစ်သင့်..

"မင်းကျတော့..အများကြီးစားတယ်''

Chanyeolပန်းကန်ကို လက်ညှိုးထိုးရင်းပြောလိုက်မိတော့..

"ကျွန်တော့်ကိုတော့ Trainerက
များများစားဖို့ပြောလိုက်တယ်လေ...''

မုန်းဖို့ကောင်းလိုက်တဲ့ Park Chanyeol(ToT)

ဒီလိုနဲ့ Baekhyunလည်း ထိုကြောင်စာလေးကိုသာ
အစာပြေရုံမျှစားရတော့သည်။

ဒါပေမဲ့ အစာအိမ်နည်းနည်းကြီးပုံရတဲ့
ကိုယ့်ဗိုက်က မတင်းတိမ်ပေ။

"နည်းနည်းလေး ထပ်ထည့်ပေးပါလား Chanyeolရယ်..''

ပြောင်သလင်းခါနေတဲ့ ပန်းကန်လေးကို
သူ့ဘက်သို့ တိုးကပ်ပြကာ မျက်နှာငယ်လေးနဲ့တောင်းဆိုနေသောBaekhyunကြောင့်...
ပါစတာတစ်အိုးလုံး တယုတယခွံ့ကျွေးချင်တဲ့အထိ
အချစ်ဆိပ်တွေတက်နေရသော်လည်း
Chanyeol မသိချင်ယောင်ဆောင်ထားလိုက်သည်။

Hyungဟာ သူများကျန်းမာရေးတွေကိုတော့
လိုက်ဂရုစိုက်ပေးပြီး
ကိုယ့်ကျန်းမာရေးကိုတော့လှည့်ပင်မကြည့်...။
မတည့်တာတွေလည်းစား...တည့်တာတွေလည်းစား..
အလက်ဂျစ်ရှိသော်လည်း ပင်လယ်စာဆိုအရမ်းကြိုက်..
အဆီအစိမ့်ဆိုရင်တော့ ပြောဖွယ်မရှိတော့ချေ..။

က​လေးအထာWhere stories live. Discover now