"တကယ်ပဲ..
အဲ့လောက်အစောကြီးလား..''သူ အံ့သြတကြီးမေးတော့
ဒယ်ဒီကခေါင်းငြိမ့်ပြသည်....တကယ်တော့ ပြောပြလိုက်ရခြင်းက
Baekhyunအပေါ်
လွယ်လွယ်မေ့နိုင်စေဖို့်ဖြစ်သည်..
မဖြစ်နိုင်တော့မှန်းသိအောင်
ပြင်ဆင်ချိန်ရအောင်...Chanyeol ကြိုးစားသင့်ပြီ...ဒါပေမဲ့ Chanyeolကတော့
တော်တော်လေး စိတ်ထိခိုက်သွားပုံရသည်..အိပ်ခန်းထဲပြေးဝင်ကာ တွေ့သမျှပစ္စည်းတွေကို
ပစ်ချပေါက်ခွဲတော့သည်..."ပင်ပန်းနေပြီ...
ကျွန်တော်အရမ်းပင်ပန်းနေပြီလို့်..''ကုတင်ခြေရင်းမှာ ဒူးထောက်ထိုင်ချရင်း
Chanyeolရေရွတ်နေမိသည်...မေ့လိုက်ချင်တာပေါ့..
တစ်ဖက်သတ်အချစ်က
ဘယ်လောက်ဆိုးရွားလဲ Chanyeolသိတာပေါ့..
ဒါပေမဲ့ ကိုယ့်ကိုကိုယ်မှမထိန်းချုပ်နိုင်တာ..တစ်နေကုန်စိတ်တွေလေလွင့်နေပြီး..
မိုးချုပ်တဲ့အထိ
တစ်ယောက်တည်းကားပတ်မောင်းနေလိုက်ပေမဲ့
စိတ်အခြေအနေကပိုမိုဆိုးရွားလာနေသည်...နောက်ဆုံး
ထွက်ပေါက်ဖြစ်တဲ့ Baekhyunရှိရာကိုပဲ
Chanyeolသွားလိုက်တော့သည်...တိုက်ခန်းပေါ်တက်သွားတဲ့
သူ သိပ်လွမ်းနေရတဲ့မျက်နှာလေးကို
မျက်ရည်အဝဲသားနဲ့လိုက်ကြည့်နေမိသည်....တော်တော်ကြာတော့
Baekhyunအခန်းရှေ့မှာ
Chanyeolသွားထိုင်နေလိုက်သည်...သူဝင်လည်းမသွားရဲ
ထွက်လည်းမသွားနိုင်ဖြစ်နေရသည်...အသံတိတ်ငိုနေမိရင်းသာ
baekhyunရဲ့အခန်းရှေ့မှာ
Chanyeol တစ်ညလုံးရှိနေခဲ့လေသည်...Sehunတို့ဆီက
ဖုန်းဝင်လာလည်း သူဖုန်းမကိုင်မိဒီလိုအခြေအနေနဲ့သာ
Baekhyunနဲ့နီးနီးလေးမှာရှိနေရမယ်ဆိုရင်
Chanyeol တသက်လုံးနေရလည်း
ဆက်လက်ရှိနေမည်ပဲဖြစ်သည်.....
.
မနက်စောစောမှာ
အိမ်ကလိုအပ်တာတွေ သွားဝယ်ရန်
Baekhyun တံခါးဖွင့်မိတော့...တံခါးဘောင်ကိုမှီပြီး..
ငုတ်တုတ်လေးထိုင်နေသော
Chanyeolကြောင့်လန့်သွားရသည်...
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg