31

18.3K 1.4K 69
                                    

နှစ်သစ်ကူးပိတ်ရက်....။🎆

"နေကာမျက်မှန်ထည့်ဦး''

"Nae...''

"night creamလည်းထည့်ဦး''

''Nae..''

"လက်သန့်ဆေးရည်ဘူးလေးလည်းထည့်ပေး''

"ဟုတ်ပြီ..Hyun''

"Power bank...''

"Ok!''

အခန်းထောင့်မှ ကြိမ်ခုံလေးပေါ်မှာထိုင်ရင်း
Baekhyunက
တစ်ခုပြီးတစ်ခုသတိပေးနေသည်...။

Chanyeolကတော့
စိတ်ထဲတွင် အချစ်လေးနဲ့ ဂျယ်ဂျူမှာ
ဘယ်လိုရိုရမလဲသာ
စိတ်အားထက်သန်လွန်းလှပြီ

ထို့ကြောင့် ညနေflightနဲ့သွားရမဲ့ခရီးကို
နေ့လည်တည်းကရေချိုးထား၍
ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပြီးသားဖြစ်ခဲ့၏။

"Hyun ပြန်ချွတ်!...အဲ့တာမဝတ်နဲ့..''

"ဟာ...မောင်ကလဲ..''

"မရဘူးHyunရာ...ပြန်ချွတ်ပေး''

အဝတ်အစားတွေထည့်ပြီးသား
luggageကြီးကိုဗြိခနဲဆွဲပိတ်၍
Chanyeolခပ်ပြတ်ပြတ်ပြောလိုက်သည်...

Hyungက အရင်တည်းက
ဘောင်းဘီတိုအပွတွေဝတ်ရတာကြိုက်သည်..

အခုလည်း ဒူးအထက်နည်းနည်းရောက်တဲ့
ဆင်စွယ်ရောင်ဘောင်းဘီတိုကို
Tee shirtအဖြူပွပွကြီးနဲ့ တွဲဝတ်ထားသေးသည်။

လူငယ်ဆန်ပြီးfree styleဝတ်ထားတာဆိုပေမဲ့
သူ့မျက်လုံးထဲမှာတော့
baekhyunရဲ့ဖြူဖြူဖွေးဖွေးခြေတံတို့က
လုံးဝခရော့စ်....။

အရင်ဘဝက
ဘယ်လောက်တောင်ဆုတောင်းကောင်းခဲ့လို့
ခြေသလုံးသားအိအိလေးတွေကအစ
လှရက်လွန်းနေသလား မသိပေမဲ့...
သူသိတာကတော့ တခြားသူတွေပါ
ဒီခြေတံလေးတွေအား
မျက်စိအစာကျွေးကြမှာကိုဖြစ်သည်

ဒါကြောင့်မဖြစ်...
ဒါမျိုးဝတ်လို့ လုံးဝမဖြစ်...။

"မောင်နဲ့ဆင်တူ
ဂျင်းအပြာလေးပဲဝတ်ကြမယ်လေ
နော်...ပြန်လဲလိုက်''

"ဝတ်ထားပြီးမှပဲကွာ...၊ပျင်းတယ်
မလဲချင်တော့ပါဘူး''

ကိုယ်တိုင်မလဲချင်ဘူး ပျင်းတယ်လို့
ပြောလိုက်ပြီးနောက်
Chanyeolရဲ့မျက်လုံးအရောင်တွေ
တောက်ပကုန်သည်...

က​လေးအထာWhere stories live. Discover now