22

16.5K 1.3K 29
                                    

".....တွေ့ပြီ''

Park Baek Hyun'ဆိုတဲ့
ရင်ထိုးသေးသေးပိစိအား
နားနေခန်းစားပွဲအောက်မှ ရှာတွေ့ပြီမို့..
ဂျူတီကုတ်ပေါ်တွင် တွယ်ချိတ်လိုက်သည်....။

အရင်ကဆိုရင်
ဒါဟာ သူအရမ်း မုန်းတဲ့နာမည်ပဲ...

Park Baekhyunတဲ့...
အပိုင်လိုလိုတံဆိပ်ခတ်ထားတာ...

ယခင်စိတ်နဲ့ဆို ဒီနာမည်ကြားတာနဲ့
မေးကြောတွေတင်းမာလာတတ်ပေမဲ့..
အခုတော့ တစ်စုံတစ်ရာရဲ့လွှမ်းမိုးခံရတဲ့
ခံစားချက်ဝင်လာရသလိုပဲ။

"hak....''

မနေ့ညကChanyeolရဲ့အဖြစ်ကို
မြင်ယောင်လာရရင်း Baekhyunပြုံးမိပြန်သည်....၊

ညက Twitterသုံးနေတုန်း..
အဟုတ်ပင် Park Chanyeolရဲ့ခေါင်းမီးတောက်နေတဲ့ပုံ တက်လာလေသည်။
မသိရင်စွမ်းအားရှင်လိုလို ဘာလိုလို...၊
Baekhyunတောင်retweetလိုက်သေး..

သူက ဗိုက်နှိုပ်ပြီး တဟားဟားအော်ရယ်လေ..
Chanyeolတို့ကတော့ ရှက်လို့ဆိုကာ
မျက်နှာကြီးနီ,လာလေနဲ့...။
ဧည့်ခန်းဆိုဖာပေါ် ဖင်ဘူးထောင်းထောင်ကာ
မျက်နှာကို ခေါင်းအုံးအသေးထဲဝှက်ထားလေသည်...

တော်တော်ကလေးဆန်တဲ့ Chanyeol...

"Baekhyunshii...
တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ''

မတ်တပ်ရပ်ရင်း
အကြောင်းမရှိ ပြုံးစိစိဖြစ်နေသော သူ့အား...
နာနေခန်းထဲဝင်လာတဲ့စီနီယာတစ်ယောက်က
အံ့သြသလိုပြောလာလေသည်...။

Baekhyunမှာ ဆက်ပဲပြုံးရမလို...
တည်ပစ်လိုက်ရတော့မလိုဖြစ်သွားရသည်။

အဲ့တာမင်းကြောင့်! Park Chanyeol...

"Baekhyunကို ဧည့်တွေ့ချင်လို့တဲ့...
Hyungကိုလာမေးလို့..''

"ဟုတ်လား..။
အာ..အသိတစ်ယောက်ယောက်ဖြစ်မယ်...''

"အင်း..သွားတွေ့လိုက်ဦး..''

"ကျေးဇူး Hyung..''

ဧည့်သည်ဆိုတော့
Baekhyunအထူးအဆန်းဖြစ်နေရ၏...
သူနဲ့ခင်မင်ရင်းနှီးတာဆိုလို့
လက်ချိုးရေလို့တောင် ရသည်လေ...။

လူအများထိုင်နေတဲ့
ဆေးရုံဆောင်တွေဘက် လျှောက်လာမိရင်း
Receptionနားရောက်တော့...

က​လေးအထာWhere stories live. Discover now