37

15.8K 1.3K 32
                                    

Baekhyun
ဂျူတီကုတ်အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ
Chanyeolကို ခေါ်ကြည့်မိပေမဲ့
ဖြေကြားခြင်းမရှိလို့သာ အော်နေသည်။
ထုံးစံအတိုင်း..အလုပ်သွားရင်း
အိမ်မှာဖုန်းကျန်ခဲ့ပြန်တာထင်သည်။

"ဒီကောင်လေးကတော့လေ..၊
စိတ်ဆိုးပေးမှဖြစ်တော့မယ်''

ဆေးရုံစက်ြလမ်းကို လျှောက်နေတုန်း...
အရိုးအကြောဋ္ဌာနဘက်က
အသံကြားရာကြည့်မိတော့ ကလေးတစ်ယောက်က
ဆရာဝန်နဲ့nurseတွေကြား အော်ဟစ် လူးလွန့်နေခဲ့သည်။
လက်တစ်ဖက်ကို ဖိကိုင်နေပုံထောက်ရင်
အရမ်းဆော့ပြီး တစ်ခုခုထိခိုက်သွားတာ
ဖြစ်ဖို့များ၏။
ဒီလိုအကြောင်းတရားတွေက နောကြေနေခဲ့ပြီမို့...
Baekhyunခန့်မှန်းနိုင်သည်။

ရေနွေးပူလောင်တာ...၊
မျက်လုံးကိုသံအချွန်နဲ့ ခိုက်မိတာ..
သစ်ပင်ပေါ်မှ ပြုတ်ကျလို့ခြေလက်​တွေကျိုးပဲ့တာ..
ရေချိုးကန်မှာ ချော်လဲပြီးခေါင်းကွဲတာ....
က​လေးငယ်​တွေဆို​တော့
ရှာရှာဖွေဖွေ ပလပ်ပေါက်ထိမိရင်းဓာတ်လိုက်တာ...
ဒါတွေ စုံနေအောင်ပါပဲ။

"ဟူးး....''

စိတ်မောမောနဲ့ စြင်္ကလမ်းထောင့်က စက်ထဲရှိ
အအေးတစ်ဘူးထုတ်ပြီး သောက်တုန်းရှိသေး...
မြင်လိုက်ရတဲ့လူကြောင့်
ကိုလာတွေသီးမတတ်ပင်။

"အဟွပ်...ဟွပ်...Ha..Hanna''

နဖူးမှာလည်း ချွေးစေးတွေစီးကျနေပြီး
လိုင်နာအမည်းတွေ
မျက်လုံးနေရာမှာပွထနေတဲ့
သူမပုံစံက အနည်းငယ်
ရယ်စရာလည်းကောင်းနေသေးသည်။

"Hanna ဘယ်ကဘယ်လို...''

"အရင်လတည်းက ပြန်ရောက်နေတာ
ငါ့အမေနေမကောင်းလို့ ခဏပြန်လာရတာလေ။
နင့်ကိုတော့
အရမ်းအမြင်ကတ်သွားလို့
ထပ်မဆက်သွယ်ဖြစ်တော့ဘူး၊''

ပြောရင်းနဲ့ ကိုလာတစ်ဘူးထုတ်ယူပြီး
အမောတကော
ကောက်မော့နေသေးသည်။

"အန်တီသက်သာရဲ့လား..
ဒါနဲ့..နင်က
ဒီဆေးရုံကို ဘယ်လိုရောက်လာတာလဲ''

"ငါ့မောင်မျောက်ရှုံးပေါ့...
မနေ့က ကမြင်းကြောဆွဲပြီး
ရေချိုးခန်းထဲ ကတယ်တဲ့၊
ရေတခါတခါချိူးရင် ဘာလုပ်မှန်းမသိဘူး...
အသံပြဲနဲ့သီချင်းဆိုလိုက် ကလိုက်နဲ့...
ကဲ...နောက်တော့
ခေါင်းကွဲပြီး လေးချက် လာချုပ်လိုက်ရတယ်..
အေးရော''

က​လေးအထာWhere stories live. Discover now