21

17.9K 1.5K 115
                                    


Chanyeol, ညနေငါးနာရီထိုးပြီဆိုတာနှင့်
အလုပ်စားပွဲပေါ်က
ဖိုင်တွဲပေါင်းစုံကိုသိမ်းဆည်းကာ
ကုမ္ပဏီမှပြန်ဖို့တာဆူ​နေ​​တော့၏။

တဆက်တည်း အိမ်အတွက်လိုအပ်တာတွေဝယ်ယူရန်
Shopping mallတစ်ခုထဲဝင်၍
ဟိုလျှောက်ကြည့်
ဒီလျှောက်ကြည့်လုပ်နေလိုက်သည်။

တစ်ယောက်လက်တစ်ယောက်ချိတ်တွဲကာ
ဈေးဝယ်ထွက်နေကြတဲ့
စုံတွဲအများအပြားကိုတွေ့ရသော်ငြား..
Chanyeolကတော့
အလုပ်ရှုပ်လှသည့်ဒေါက်တာလေး
dutyပြီးမည့်အချိန်ကိုသာ စောင့်စားနေမိတာပင်။

centreထဲလျှောက်ရင်း..
Hyungကြိုက်တတ်တဲ့
စတော်ဘယ်ရီcup cakeလေးတွေဝယ်...
ပြီးတော့ အသားနုအိအိလေးအတွက်
ညဆို သူကိုယ်တိုင်လိမ်းပေးဖို့
night creamလေးပါ
သေချာရွေးဝယ်နေလိုက်သည်။

Hair salonတစ်ခုရှေ့ရောက်တော့
Chanyeolခြေလှမ်းတွေတုံ့ခနဲ ရပ်သွားရ၏။

ဆိုင်ရဲ့ မှန်တံခါးမှာပေါ်နေသောသူ့ပုံစံကို
သူသေချာပြန်ကြည့်မိလိုက်ရာ
Hyung နှိပ်ကွပ်နေကျအတိုင်း
ဆံပင်ဘုတ်သိုက်ညှင်းသိုးသိုးနဲ့
လူဆိုးဗိုလ်ရုပ်ပေါက်နေခဲ့သည်။

ဒီလိုနဲ့ ဆုံးဖြတ်လိုက်ပြီးဆိုင်ထဲဝင်လာမိတော့
ဝန်ထမ်းတွေက
ညှပ်၊ဖြောင့်၊ကောက်၊လိပ်၊ပေါင်း..မျိုးစုံအောင်
မေးကြတော့သည်။

သူ စိတ်ထဲမှာတော့...
Hyung တစ်ခါပုံပြခဲ့ဖူးတဲ့magazineထဲက
နိုင်ငံခြားမင်းသားတစ်ယောက်ကိုသာ
စိတ်ထဲမြင်လာသည်။

ထိုactorရဲ့ဆံပင်ပုံစံကို
"မိုက်တယ်နော်''လို့ပြောလာခဲ့တာမို့
သူလည်းမိုက်ကြည့်ရမလား...

ထို့နောက် တွေဝေမနေတော့ပဲ
သူ့ရဲ့အနည်းငယ်ရှည်နေသော
ဆံပင်ညိုမွဲမွဲအရောင်အား
ခဲရောင်ပြောင်းလိုက်တော့သည်။

ဝန်ထမ်းကောင်လေးရဲ့မြှောက်ပေးမှုနဲ့
မျက်ခုံးကိုတောင်slit shapeလိုက်သေး...

နှစ်နာရီကျော် အညောင်းခံနေရပြီးတော့မှ
ဆံပင်ခဲရောင်ရှည်ရှည်လေးနဲ့ လန်ထွက်သွားတော့သည်။

ပြောလို့ပြောတာမဟုတ်ဘူး...
Park Chanyeolဆိုတဲ့
ကိုယ်ဟာ တကယ်ကိုချောမောပြီးသန့်ပြန့်နေရောပဲ..

က​လေးအထာWhere stories live. Discover now