28

15.9K 1.2K 10
                                    

ကမ်းခြေသွားတဲ့ ခရီးဖြစ်တာကြောင့်
လမ်းခရီးတစ်လျှောက် သွားရတာ
ဟိုကွေ့ပတ် ဒီကွေ့ပတ်နဲ့ ....
ခပ်ကြမ်းကြမ်းလမ်းတို့ကြောင့်
Chanyeolခေါင်းကိုက်ရသည်။

ရုံးက လုပ်ဖော်ကိုင်ဖက်တွေရော
စီနီယာတွေရော
တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်များရင်းနှီးလို့
ဒီခရီးကို စီစဉ်တယ်မသိပေမဲ့
ကားခပေး ပေးရချင်းပင်
Chanyeolတော်တော်ဓာတ်ပျက်နေခဲ့ပြီ။

...သူများလိုက်ချင်မှန်းမသိ..
မလိုက်ချင်မှန်းမသိ...
ကားခအသွားအပြန်စွတ်တောင်းပြီး ငြင်းမရအောင်လုပ်တဲ့လူတွေ...။
မယုံမရှိနဲ့...ရုံးတိုင်းမှာ အဲ့လိုလူတွေရှိကိုရှိတာ။

စီနီယာတို့ပျော်ပါးချင်တာနဲ့ပဲ အခုတော့သူကလိုက်နေရပြီ။
ဋ္ဌာနတစ်ခုလုံးမှာ
သူတစ်ယောက်တည်းကွက်ကျန်နေခဲ့ဖို့
အဆင်မပြေလှတာကြောင့် မသွားချင်လည်းသွားနေရပြီ။

မလွယ်လိုက်တာ...သူများလက်အောက်ငယ်သားဖြစ်ရတာ။ အဆိုးဆုံးက ရုံးမှာChanyeolအငယ်ဆုံး။

ဘွဲ့မြန်မြန်ရ ကိုယ်ပိုင်လုပ်ငန်းမြန်မြန်လုပ်နိုင်မှ
တန်ရာ ကျတော့မည်။

Hoddieပွပွ ခေါင်းစွပ်,စွပ်ကာ
နားကြပ်နှစ်ဖက်တပ်ရင်း
အပြင်ဘက်ကိုသာ ငေးနေသော
Chanyeolဟာ လုံးဝသီးသန့်ဆန်နေသည်။

အနောက်ခုံက အကိုနှစ်ယောက်နဲ့
အစ်မတစ်ယောက်ကိုသာ
Chanyeol နည်းနည်းလေးရင်းနှီးတဲ့အတွက်
အရာရာက တကယ်ကိုပျင်းခြောက်ခြောက်..။

Hyungနဲ့သာ သွားရရင်ဒီလိုခံစားချက်နဲ့
တစ်မျိုး တစ်ဘာသာကွဲလွဲထွက်သွားမည်ထင်သည်။

ဒီလိုတွေးမိတော့
Chanyeolကိုယ့်ကိုယ်ကိုတောင် သနားလာသည်။

သူ့ဘဝက အိမ်ထောင်သက် နှစ်နှစ်ကပ်မှ
ဟန်းနီးမွန်းရမည့်ကိန်းဆိုက်နေတာမဟုတ်လား။

ဒါပေမဲ့ ကျေနပ်ပါသည်။
ကိုယ်ကမတရားသဖြင့် သူ့ကိုယူလိုက်မိတာကိုး...။

ဘာပဲဖြစ်ဖြစ် ကိုယ်ပေးတဲ့အချစ်က
ရောင်ပြန် အကြီးကြီးဟပ်နေခဲ့ပြီ။

အရင်ကဆို မုန်းတယ်လို့ပဲအကြိမ်ကြိမ်ပြောကာ
သူ့ရင်တွေနာအောင် သိပ်လုပ်တတ်သော
လူသားလေးက အခုတော့ မောင်လို့ခေါ်ကာ
ချစ်ကြောင်းလည်း ဝန်ခံခဲ့ပြီးပြီ။

က​လေးအထာWhere stories live. Discover now