Hacked me part (3)

13.4K 328 8
                                    

ဒီနေ့ သော်တာမှတ်သွားပြီ။ ထမင်းချိုင့်ကို ကားပေါ်မှာပဲ ထားခဲ့ပြီး ကျောင်းထဲဝင်လိုက်သည်။ ထမင်းတော့ အငတ်မခံနိုင်တော့ပါ။ ကျောင်းပေါက်ကိုဖြတ်တော့ သူ့ဘေးမှ အရှိန်နဲ့ဝင်လာသော ကားတစ်စီး....လျှောက်လမ်းဘေးကိုကပ်ကာရပ်လိုက်ပြီးနောက် ထိုကားထဲမှ စိမ်းမြချယ် ဆင်းလာသည်။  အနီရောင်မဟုတ်တော့ပဲ ခပ်ဖျော့ဖျော့အစိမ်း၌ အပြာနူရောင်ပန်းပွင့်လေးတွေပါသည့် ဝမ်းဆက်ကိုဝတ်ကာ အနက်ရောင်ကြိူးသိုင်းဒေါက်ဖိနပ်က ဖုန်တင်နေသည့်ကွန်ကရစ်လမ်းနှင့်မလိုက်အောင် တောက်ပြောင်လျှက်။ သော်တာနိုင်လင်း ထမိန်ကိုအနည်းငယ်မကာ လျှောက်လမ်းပေါ်တက်လိုက်သည်။

နောက်ထပ်ကားတစ်စီးဝင်လာတော့ အနားမှကောင်လေးတစ်သိုက် လှုပ်လှုပ်ရှားရှားဖြစ်သွား၍ လှည့်မကြည့်ပဲ ဟိူ မမတွေထဲကတစ်ယောက်မှန်းသိလိုက်သည်။ သော်တာ လှည့်မကြည့်မိပေမယ့် သူ့ရှေ့ကလျှောက်သွားသည့် စိမ်းမမက ရပ်ကာစောင့်နေ၏။

'ဟိတ်။ တင်နီလာသော် မင်းတို့ကို ပလစ်တာများနေပြီနော် ဖုန်းလဲမကိုင် ချက်ဘောက်မှာလဲ rpမပြန်ဘူး '

ကျောပိုးအိတ်ကို ဘေးတစ်ဆောင်းလွယ်လျှက် style pan နီညိုရောင်ရဲ့အိပ်ကပ်ထဲသ်ု့ လက်နှိုက်ကာ မှုန်တေတေမျက်နှာထားနှင့် ယောကျ်ားက တင်ဇော့်ရှေ့ကပိတ်ရပ်ပြီး မေးလိုက်သည်။ တင်ဇော် သူ့နာမည်ကိုမမှတ်မိပါ...လူကိုရောမှတ်မိလားဆိုတော့..လူကိုလဲ မသိ။ ထိုကြောင့် သူပြောတာကို ဂရုမစိုက်ပဲ

'ပလစ်ရအောင် ယူ့ကို ဇယားလဲမကပ်ခဲ့ပါဘူး။ လမ်းဖယ်ပါ ဟိုမှာ သူငယ်ချင်းစောင့်နေတယ်'

သူ့ကိုရှောင်ကာ ဆက်သွားမည်လုပ်သည့် တင်ဇော့်ရဲ့လက်ကို သူကဖျပ်ခနဲလှမ်းဆွဲလိုက်သည်။ ကောင်လေးတွေကို ဘယ်လောက်ပဲမြူမြူ ယောကျာ်းလေးတစ်ယောက် သူ့အသားကိုထိတာ လုံးဝမကြိုက်တတ်သည့် တင်ဇော်ရဲ့လက်ကို ဆွဲဆောင့်ကာရုန်းလိုက်ပြီး။

'ငါ့လက်ကိုလွတ်။ '

ထိုကောင်လေးက လူကြားထဲမလို့ ရှက်သွားပြီး မျက်နှာတစ်ခြမ်းနီရဲလျှက်....သို့သော် သူပုံစံက မထုံတတ်တေးဖြစ်နေဆဲ....တင်နီလာဇော်ရဲ့စက်ကွင်း၌ မိနေဆဲ

Hacked meDonde viven las historias. Descúbrelo ahora