Hacked me part (4)

4.1K 243 5
                                    

Please! Hacked me
အပိုင်း(၄)

ဘာလို့လဲဟုမေးတော့ သူကပုခုံးကိုတွန့်ကာ ခေါင်းသာယမ်း၏။ သည်နေ့ပင်သောကြာလေ.....စနေကမနက်ဖြန်။ သူပြောသည့်နေရာကို သော်တာတစ်ကယ်ပင်မသိ သွားလည်းမသွားဖူးသလို သွားလည်းမသွားတတ်ပါ။ စိတ်ထဲပ၌လေးပင်လျှက်သာ အော်၍ငိုလိုက်ချင်သည်။ အခုမှကျောင်းဖွင့်တာ တစ်ပတ်ပင်မပြည့်သေး ဖြစ်နိုင်လျှင်ကျောင်းပြောင်းလိုက်ချင်ပါ၏။

လုံခြေရေးကင်းတဲလေး၏နောက်၌ ရှစ်ပေမြင်သည့်အုတ်တံတိုင်းက ထိုနောက်မှအိမ်ကြီးကို လောကကြီးနှငိအဆက်အသွယ်ပြတ်စေ၏။ ထိုခြံရှေ့၌ကားအမည်းလေးရပ်သွားသည်နှင့် ကင်းတဲပေါ်မှဝန်ထမ်းတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ အူံးမွှားပင် ရှန်ပိန်ပင်တွေတန်းကာ ဟိုက်ထားသည့်အဝင်လမ်းလေးအတိုင်း ကားမောင်းခဲ့ပြီးနောက် လေးထပ်တိုက်၏ဘေးက ကားဂိုထောင်ရှေ့၌ ကားကိုရပ်လိုက်သည်။

'မာမီရော'

'မနက်ကပဲ နေပြည်တော်သွားတယ်
ဆရာက ရုတိတရက်ဖုန်းဆက်ခေါ်တာ ကုမ္ပဏီတင်တာခေါ်တာ ပြသနာတတ်လို့ဆိုလားပဲ'

ကောင်မလေးက ပြည့်ပြည့်ဆုံဆုံတစ်ခါထဲထြေလိုက်ပြီးနောက် စိမ်းလက်ထဲကလက်ကိုင်အိတ်ကိုလှမ်းယူလိုက်သည်။ ထို့နောက် အိမ်ကြီး၏ကျွန်းတံခါးချပ်ကို ဆွဲကာဖွင့်ပေး၏။ အစိုးရကိစ္စပဲဖြစ်ပါလိမ့်မည်...အခွန်များလားမသိ..။ တစ်လောက ဒယ်ဒီ့ရဲ့ ဒုဠဝတီမြစ်ဘေးက အပန်းဖြေဥယာဉ်လုပ်မည့် မြေနေရာကိစ္စကြောငိ့လဲ ပြဿနာဖြစ်သေး၏။ နောက်တော့အဆင်ပြေသွားတယ်ထင်ပါရဲ့......အခုဆောက်လို့ပြီး၍ ဖွငိ့တောင်ဖွင့်တော့မည်။ ကမ်းပတ်လမ်းစည်ပင်သာယာရေးစီမံကိန်းအတွက်ဟုဆိုကာ ထိုနေရာကကျူးကျော်တွေကိုရှင်း၍ ထိုထဲမှစီမံကိန်းလေးငါးခုကို ဒယ်ဒီကတင်ဒါလိုချင်နေပြန်ပြီလေ..။

ကောင်မလေးက စိမ်း ချွတ်လိုက်သည့်ဖိနပ်ကို ကောက်ကာသိမ်းသွားပြီး ဖော့ဖိနပ်တစ်ရံကိုအသင့်ထုတ်လာပေး၏။ တစ်နေကုန်းတင်းကျပ်နေသည့် ကျောင်းအင်္ကျီတွေကိုချွတ်ချလိုက်ပြီးနောက် ကုတင်ပေါ်၌အသင့်တင်ထားသည့် အိမ်နေရင်းဝမ်းဆက်ကိုလည်းဝတ်လိုက်သည်။
ထိုနောက် သူ့အလုပ်ဘာမှမရှိတော့ပါ.....။ သည်အိမ်ကြီး၌ သူတစ်ယောက်ထဲ....အင်းလေအမြဲတမိးလည်းတစ်ယောက်ထဲပါပဲ။ မာမီက စိန်တိုက်နှင့်တစ်ခြား စီးပွားရေးတွေလုပ်လျှက် အိမ်ကပ်သည်မရှိသလို ဒယ်ဒီကလည်း သူ့ရဲ့တင်ဒါတွေ ကန်ထရိုက်တွေနှင့်သာ လုံးလည်ချာလည်လိုက်နေ၏။ အခုပင် ဒယ်ဒီမျက်နှာကိုမမြင်ရတာ တစ်လကျော်နေပြီ။

Hacked meWhere stories live. Discover now