Hacked me part (5)

3.3K 250 2
                                    

Plesae! Hacked me
အပိုင်း(၅)

မျက်နှာတစ်ခုလုံးစေးကပ်နေသညိ့ထဲမှ မျက်ရည်တွေကြောင့်ပို၍ပင်ဆိုးနေသေးသည်။ ဟိုတယ်အောက်က မျကိခင်းပြင်၌ နာကျည်းစိတ်နဲ့ ရှကိစိတ်ကိုရောက မျက်ရည်အဖြစ်ပြောင်းလဲငိုချပစ်လိုက်သည်။ မျက်ခင်းက်ုရေဖြန်းသည့် ရေပန်းမှရေကိုလက်ဖြင့်ခံကာ မျက်နှာသစ်လိုက်ပြီးနောက် လတ်ဆတိသည့်လေကို တစ်ဝကြီးရူပစ်လိုက်သည်။ စိမ်းမြချယ်ရဲ့လက်ချက်ဖြငိ့ပေစွန်းသွားသည့် တီရှပိလေးသည် ဘယ်လောက်မှအဖိုးမတန်သော်လည်း နှမျော၏။ ကားပါကင်မှကားတွေ နည်းသွားတော့ ညသည်အတော်လေးမှောင်နေပြီ။ လွင်မင်းမြတ်က ကိုးနာရီလူခေါ်မယ်ပြောပြီး ပြန်ထွက်သွားခဲ့တာ လာမှလာပါ့မလား။ အတွေးများရင်း လေးပင်နေသည့်ခြေလှမ်းတွေနှငိ့ ဟိုတယ်အပြင်ဘက်ကိုသာလျှောကိခဲ့တော့သည်။

ကွန်ကရစ်ပလက်ဖောင်းပေါ်၌ ပျံ့ကျဲနေသည့် ယူကလစ်ပင်မှအရွက်ကြွေများကို စိမ်းမြချယ်အဖြစ်နဲ့ ဖနှောင့်နှငိ့ပေါက်ကာ နင်းချေနေလိုက်တာ အနား၌ Alphaအဖြူလေးရပ်သွားပြီး ထိုကားပေါ်မှ ကြည်ပြာမိုးမြင့်ဆင်းလာသည်ပင်မသိလိုက်ပါ။

သူနင်းခဲ့သည့် ယူကလစ်ရွက်ကြွေတွေကို အနောက်ကနေထပိကာလိုက်နင်းပြီး သူ့နောက်မှလိုက်လျှောက်နေမိသည်။ ဘာရယ်မဟုတ်ပေမယ့် ထိုနင်းလိုက်သည့်အရွက်ကြွေလေးတွေ ကြေမွသွားသောအခါ ခံစားရသောပျော်ရွှင်မှုသည် သည်နေ့ပွဲ၌အပျော်ဆုံးပင်ဖြစ်လိမ့်မည်။ တစ်ချိုးအရွက်ချွန်လေးများက သိပ်မခြောက်သေး၍ ဒေါက်ဖိနပ်အချွန်၌စိုက်ကာ ပါလာ၍တစ်ခြားတစ်ဖက်နှင့် ဖိနင်း၍ဖယ်ရပြန်သည်။ စိမ်းတို့ ့လက်မြန်ချက်က သည်ကောင်မလေးဘာလုပ်လဲပါ တစ်ခါထဲသိတယ်။

'အမေ့...'

ကွန်ကရစ်လမ်းလေးဆုံးခါနီး၍ နောက်ပြန်လှည့်လိူက်ချိန်၌ ကြည်ပြာ့ကိုရုတ်တရုတ်တွေ့လိူက်တော့ လန့်သွားတယ်ထင်၏။ ကြည်ပြာသူ့ကိုပြုံးပြလိုက်မိပြန်သည်။ ဒီနေ့အတွက် ပထမဆုံးစိတ်လိုလက်ရပြုံးလိုက်ခြင်းပင်။ သူက တစ်ခုခုကိုစိတ်တိုနေသလို ခပ်တင်းတင်းမျက်နှာထားဖြစ်နေရာမှ အနည်းငယ်ပျေလျှော့လာပြီး မပြုံးချင့် ပြုံးချင့်ပြုံးပြ၏။

Hacked meWhere stories live. Discover now