Hacked me

3.4K 268 6
                                    

Please! Hacked me
အပိုင်း(၁၇)

'စိမ်း အဆင်ပြေရဲ့လား'

'ဘာကိုလဲ'

တင်ဇော်က သံပုရာရည်ခွက်ထဲကို စာပွဲကနေယူကာ ထလိုက်ပြီး ကော်ရစ်ဒါနားသို့ခပ်နွဲ့နွဲ့လျှောက်သွားရင်း

'မြတ်သူလေ။ နင်တို့တွေ့ပြီးပြီမှလား'

'တွေ့ပြီးပြီ။ သူအရမ်းပြောင်းလဲသွားတယ်....ငါအဲ့တာကိုအံ့သြနေတာ။ '

ကော်ဖီတစ်ငုံက လည်ချောင်းထဲမှလျှောကာဆင်းသွားတော့ လျှာဖျား၌ expressoအရသာ အခါးစူးစူးကကျန်နေခဲ့သည်၊ စိမ်းကော်ဖီခွက်ကို ပြန်ချထားလိူက်သည်။ ကြည်ပြာက တစ်ခူခူကိုအာရုံစိုက်ကာစဉ်းစားနေရင်းမှ

'အဲ့ထက်ပြောင်းလဲတာရှိသေးတယ်။  သူအခု ဘယ်သူတွေနဲ့ပေါင်းနေလဲသိလား'

'ဘယ်သူလဲ '

စိမ်းနဲ့တင်ဇော်ထံမှ အသံပြိုင်တူထွက်လာလျှက် တင်ဇော်က စိမ်းရဲ့နောက်၌လာရပ်သည်။

' စိမ်း ပညာပေးလိုက်တဲ့ သုံးယောက်နဲ့လေ။ အဲ့ကောင်တွေက သော်တာ့ကို မကျေနပ်ဖူးနော် ။ စိမ်းရဲ့လက်ဆကို ကြောက်လို့သာ သော်တာ့ကိုနောက်ထပ်မထိရဲတာ။ ပြီးတာ့ တေို့သုံးယောက်လုံးကို သူတို့မိဘတွေကပါ မလွန်ဆန်နိင်လို့ ငြိမ်နေကြတာ။ အခု မြတ်သူနဲ့ ပေါင်းမိနေပြီဆိုတော့...သူတို့ တစ်ခုခုလုပ်ကြလိမ့်မယ်'

အရမ်းတော့ မတုန်လှုပ်မိသော်လည်း သော်တာ့အတွက်စိတ်ပူသွားသည်။ စိမ်း သူ့ကိုကာကွယ်နိုင်တာသေချာရဲ့လား....။ သူတို့ ကိုယ့်အတွေးနဲကိုယ်တိတ်ဆိတ်သွားကြစဉ် လှေကားပေါ်သို့ တက်လာသည့်ခြေသံတွေကိုပင် သတိမထားမျလိုက်။

'သမီးတို့ လူဆုံနေတာပဲ။ မြတ်သူပါလာတော့အတော်ပဲ'

'မာမီ။ '

မာမီနောကိမှာ ....အောင်နိုင်သူမျက်နှာထားမျိုးနဲ့ပါလာတာက မြင့်မြတ်သူ။ ဒီကောင် ဘာတွေကြံစီနေတာလဲ....။

'သမီးတို့လည်း လူဆုံ၊ မာမီလဲ အချိန်ရတုန်း နေ့လည်စာတူတူစားရအောင်'

စိမ်းတို့ရဲ့စကားပြန်ကိုပင် မစောင့်ပဲ မာမီကထမင်းစားဖို့ပြင်ခိုင်းနေပြီ။ စိမ်းတစ်ယောက်ဘယ်လိုနေမယ်မသိသော်လည်း ကြည်ပြာ့စိတ်တွေလေးလံနေသည်။

Hacked meWhere stories live. Discover now