Hacked me

3.9K 235 6
                                    

Please! Hacked me
အပိုင်း(၂၀)

လမ်းမီးရောင်အားနည်းသော လမ်းမထက်၌ စိမ်းကကားကိုသာအာရုံစိုက်မောင်းနေ၏။ နောက်ခန်းမှ ကြညိပြာနဲ့တင်ဇော်က ညပိုင်းကြည့်မယ့်ရုပ်ရှင်ကိုအကျိတ်အနယ်ရွေးလျှက်။ ကြည်ပြာက Dramaကားအေးအေးကိုကြည့်ချင်ပြီး တင်ဇော်ကတော့ အက်ရှင်ကားကိုကြည့်ရန် အားသန်နေသည်။ ရေတွေဆိုရွဲနေသည့် အ၀တ်အစားတွေက ကားပြူတင်းပေါက်ကတိုး၀င်သည့်လေတွေကြောင့် ခပ်ဖနိ့ဖန့်လေးတွေပင်ဖြစ်လျှက်။ သော်တာကတော့ ဘာကားပဲကြည့်ကြည့်မုန့်စားရဖို့ ကော်ဖီသောက်ရဖို့သာအရေးကြီးသည်။

'ဟဲ့ နင်တို့နောက်ကကားကို သိလား'

လင်းလိုက် မှောင်လိုက်ဖြစ်နေသာ် လမ်းမ၌ စိမ်းရဲ့ကားနောက်မှ မီးမဖွင့်ပဲတစ်ချိန်လူံးပါလာသည့်ကား။ စိမ်းသတိထားမိခဲ့တာ ဒီဇငိဘာခြံအလွန်ကတည်းကဖြစ်လိမ့်မည်။ အစက လမ်းသွားလမ်းလာပဲထင်နေတာ......ကျော်တက်ဖို့လမ်းပေးတော့လည်း ကျော်မသွားပဲ အနောက်မှာပဲကပ်ပါလာ၏။

ကြည်ပြာဆတ်ခနဲ နောက်သို့လှည့်ကြည့်လိုက်မိသည်။ ကားနံပါတ်ကိုမမြင်ရသော်လည်း မနေ့ညကခြံရှေ့မှာတွေ့လိုက်တဲ့ ကားနဲ့တစ်ထပ်တည်းတူနေ၏။

'စိမ်း ။ ကားကိုလမ်းဘေးချရပ်လိုက်'

ကြည်ပြာပြောသည့်အတိုင်းပင် စိမ်းကကားကိုလမ်းအောက်ဆင်းကာရပ်လိုက်သည်။ ထိုကားက စိမ်းတို့ကိုကျော်တတ်သွားပြီး လမ်းမီးတိုင်တစ်တိုင်ကျော်၌ ရပ်သွားသည်။ ကားမှန်ကို တင်လိုက်ပြီးနောက် ရှေ့မီးကြီးကိုထွန်းလိုက်၏။
တငိဇော်က ထိုကားကိုစူးစမ်းသည့်မျက်လုံးအဆုံဖြင့်လှမ်းကြည့်လျှက်

'ဘယ်သူတွေလဲ။ '

စိမ်းက စိတ်ရှုပ်နေသည့်အသံဖြငိ့ မသိဘူးဟုသာပြောသည်။ သူတို့သုံးယောက်က မကြောက်သလိုပင်အေးအေးဆေးဆေးဖြစ်နေသော်လည်း သော်တာကတော့ကြောက်နေ၏ မီးတိုင်အောက်၌ ရပ်နေသည့်ကားအဖြူလေးထဲမှ သရဲတွေထွက်လာတော့မတတ်ကိုကြောက်နေပါသည်။
ကြည်ပြာကတော့ ထိုကားကိုမကြည့်အားပါ ဦးထွန်းကိုသာဆက်သွယ်နိုင်ရန်ကြိုးစားနေမိသည်။ မြင့်မြတ်သူကို လိုက်ခိုင်းထားသည့်ကိစ္စ ကြည်ပြာ့ကိုအကြောင်းမပြန်သေးဘူးလေ....။

Hacked meDove le storie prendono vita. Scoprilo ora