Please! Hacked me
အပိုင်း(၂၅)ဖိနပ်အပါးကို စီးမိထားပြီးမှ စိတ်ပျောင်းသွား၍ အနီရောင်ရင့်ရင့် ဒေါက်ဖိနပ်ကြိုးသိုင်းလေးနှင့် ပြန်လည်းလိုက်သည်။ ခြေမျက်စိအောက်နားထိဖုံးနေသည့် လုံချည်စကိုခပ်တင်းတင်းဆွဲဆန့်လိုက်ပြီး မှန်ကိုနောက်တစ်ခေါက်ပြန်ကြည့်မိ၏။ ပိန်လွန်း၍ ငေါက်ထွက်နေသည့်လည်ပင်းရိုးတွေအတိုင်းသာ....လည်တိုင်ကခပ်နွဲ့နွဲ့လေးရပိနေသည့်အတိုင်း။ မျက်နှာကိုမိတ်ကပ်ပြင်ပေးနိုင်ပေမယ့် မျက်လုံးတွေကိုတော့ မပြင်နိုင်ပါလားစိမ်းရယ်။
စာမေးပွဲနီးပြီမလို့သာ မဖြစ်မနေကျောင်းသွားရသော်လည်း အားမရှိသလိုသာဖြစ်နေသည်။ ဘယ်ကိုမှမသွားချင်သလို ဘာတစ်ခုမှလည်းလုပ်ချင်စိတ်မရှိပါ။ တစ်ငြိမ့်ငြိမ့်မောင်းနေသည့်ကယးပေါ်၌ ငြိမ်သက်နေရင်း မြင်နေကျမြင်ကွင်းတွေကိုသာ ငေးနေလိုက်မိတော့သည်။
'ယူတို ကျောင်းထဲထိတော့မလိုုက်ဖူးမှလား'
'လိုက်မှာပါ။ ဆရာက မမလေးဘယ်သွားသွားလိုက်ဖို့ အမိန့်ပေးထားပါတယ်။ '
စိမ်းစိတ်ပျက်သွားရပြန်သည်။ သို့သော်လည်း ဘာမှမပြောတော့ပဲ ဠာနဘက်ကိုသာလျှောကိခဲ့တော့၏။ သူ့နောက်က စတစ်ကော်လံ ယောပုဆိုးနှင့် ကောငိလေးနှစ်ယောက်က ခပ်လှမ်းလှမ်းမှလိုက်ပါလာသည်။ ကန်တင်းရောက်တော့ သူတို့ကစိမ်းနောက်၌ အရုပ်ကြီးတွေလိုရပ်နေကြဆဲ....တစ်ကယ်က်ုစိတ်ပျက်စရာကောင်းလွန်းပါသည်။ ကြည်ပြာက မိတ္တူကူးပေးထားသည့် စာအုပ်တစ်ထပ်ကြီးကို သူ့ရှေ့ချပေးလျှက်
'နေကောင်းရဲ့လား '
'အင်း။ ကောင်းသလိုဖြစ်နေပါပြီ။ သော်တာရော ဘာထူးသေးလဲ'
အမှတ်တမဲ့လှုပ်ရှားသွားသည့် စိတ်ကိုထိန်းရန် ကြည်ပြာ့ရှေ့က အအေးခွက်လေးကိုကောက်ကိုင်လိူက်သည်။ စိမ်းနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှထူးခြားမလာသော်လည်း သော်တာတစ်ယောက် သူ့ကိုသတိမေ့နေတဲ့ချစ်သူမှတ်နေတဲ်အကြောင်း ပြောပြလိုက်ရမှာလား။ ငါတော့ရူးမှာပဲစိမ်းရယ်....ရူးလည်းရူးချင်ပါရဲ့.....