Hacked me

3.4K 245 2
                                    

Plesae! Hacked me
အပိုင်း(၁၅)

'တင်ဇော် နင်ဘယ်မှာလဲ'

'အိမ်မှာ။ '

'ငါ လာခဲ့မယ်'

ဖုန်းကို တစ်ဖက်ကထိုင်ခုံပေါ်ပစ်ချလိုက်ပြီး တင်ဇော်အိမ်ရှ်ိရာနန်းရှေ့သို့ ဦးတည်မောင်းခဲ့လိုက်တော့သည်။ ခုချိန် စာထိုင်ဖတ်နေခြင်းထက် တစ်ယောက်ယောက်နှင့် စကားပြောနေသည်က ပိုကောင်းမည်ထင်ပါသည်။

'လာ ။ စာအုပ်တွေရှိတဲ့နေရာမသွားပဲ ငါ့အိမ်လာတယ်ဆိုတော့ စိတ်ညစ်နေပြီမှလား။ '

တင်ဇော်က အခန်းတံခါးကိုဖွင့်ပေးရင်း ခရီးဦးကြိုပြု၏။ သုံးလွှာရှိတိုက်ခန်း၌ တင်ဇော်တစ်ယောက်ထဲသာနေသည်။ သူ့အမေက တစ်နေရာနေပြီး သူ့အဖေက ပင်လယ်ထဲမှာလေ..ကုန်းတတ်တော့လည်း သူ့မိန်းမတွေထံအလှည့်ကျသွားနေတတ်သည်။ တံခါးဘေးက စင်၌ဖိနပ်ချွတ်ထားခဲ့ပြီး ကားသော့က်ုနံရံ၌ချိတ်ထားခဲ့လိုက်သည်။

'အင်း နည်းနည်းပါ။ ဗိုက်ဆာတယ် ဘာရှ်ိလဲ'

မေးမေးပြောပြောဖြင့် မီးမိုစင်လေးနားက ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်မိသည်။ ရေဗူး ၊ ဖျောရည်ဗူးနှင့် သောက်လက်စဝိုင်ပုလင်းနှစ်လုံး။ ပေါင်မုန့်နဲ့ ခေါက်ဆွဲထုတ်တွေ
တစ်ခြားမုန့်ခြောက်တွေသာရှိသည်ဖြစ်၍ ဖောက်လက်စဝိုင်ပုလင်းနှစ်လုံးကိုထုတ်ကာ နံရံကပ်ဗီရိုလေးထဲမှ ဖန်ခွက်လေးနှစ်ခွက်ကို ထုတ်ယူလျှက် ထမင်းစားစာပွဲ၌ပင် ထိုင်လိုက်သည်။ တင်ဇော်က မျက်နှာချင်းဆိုင်က ခုံကိုဆွဲယူထိုင်လျှက်

'ဘာတွေညစ်နေတာလဲ။ '

၀ိုင်ထည့်ထားသည့် ဖန်ခွက်တစ်ခွက်ကို တင်ဇော့်ဘက်သို့တိုးပေးလိုက်ပြီး

'နင် ရည်းစားတွေအများကြီးတွဲနေတာ ချစ်ရောချစ်ဖူးလား'

'ဟမ်..။ ဘာလို့မေးတာလဲ အထူးအဆန်း'

'ဖြေမှာဖြေစမ်းပါ။ '

'မချစ်ပါဘူး။ နင်လဲ ငါ့အကြောင်းသိသားနဲ့...နင်ကရော အခုဘာဖြစ်နေတာလဲ'

'မသိဘူး'

၀ိုင်မရှိတော့သည့် ဖန်ခွက်ထဲသို့ ဝိုင်ထပ်ဖြည့်ကာ ပြည့်လုနီးနီးဖြစ်တော့မှ ရပ်ပစ်လိုက်၏။ တင်ဇော်က သူ့ကိုမျက်လုံးလေးဝိုင်းကာ မေးထောက်လျှက်ငေးရင်း

Hacked meWhere stories live. Discover now