Hacked me

3.3K 238 0
                                    

Please ! Hacked me
အပိုင်း(၁၉)

'အရင်နှစ်က သင်္ကြန်ရော စိမ်းတို့ဘာလုပ်ကြလဲ'

'မနှစ်က မအားတာနဲ့ဘယ်မှမသွားရဘူး။ ငါတို့ ဒီလိုခရီးမထွက်တာကို ကြာနေပြီနော်'

စိမ်းကိုမေးပေမယ့် စိမ်းကမဖြေ။ တင်ဇော်ကသာ၀င်ဖြေပြီး စကားထောက်၏။ စိမ်းရဲ့ထမင်းပန်ကန်ဘေးနှခမ်း၌ တစ်ဖတ်ချင်းဖယ်ထားသည့် ကြက်သွန်ဖတ်လေးတွေက အစီအရီ။ ထမင်းမစားပဲများ သေချာစီနေသလားမပြောတတ်။

'ဟုတ်တယ်နော်။ ပထမနှစ်ပြီးတုန်းကလားပဲ ထိုင်းသင်္ကြန်ရောက်ခဲ့တာ'

ကြည်ပြာက ငါးသံပုရာပေါင်းပေါ်မှ သံပုရည်သီးကွင်းလေးကို တူနဲ့လှမိးယူရင်းပြောပြန်သည်။ သူတို့တွေစကားပြောနေကြသော်လည်း တိတ်ဆိတ်နေသည်က စိမ်းတစ်ယောက်ထဲသာ...စိမ်းနေမကောင်းလို့မျာသလား....။ သော်တာ့သိသလောက်တော့ ညနေပိုင်းအိပ်ရင်ဖျားတတ်တယ်တဲ့။ .သော်တာ ဇွန်းခရင်းကိုအသာချလိုက်ပြီး စိမ်းရဲ့နှဖူးသို့ အမြန်စမ်းလိုက်ရင်း

'စိမ်း နေကောင်းရဲ့လား'

စိမ်းကသူ့ကိုမကြည့်ပဲ ခေါင်းသာငြိမ့်၏။ တစ်ကယ်လဲကိုယ်မပူပဲ နေကောင်းနေတာပဲ....။
စိတ်ဆိုးနေတာများလား......သော်တာသူစိတ်ဆိုးအောင် ဘာများလုပိမိလို့လဲ....။ စိမ်းရဲ့မျက်နှာက တင်းမာနေတာလဲမဟုတ်ပဲ ပုံမှန်ထက်အရောင်ဖျော့နေခြင်းပင်။ စိမ်းကို အိမ်ပြန်ရောက်မှပဲသေချာချော့တော့မည်စိတ်ကူးလျှက်

'မ ။ '

မက မျက်လုံးလေးပင့်ကာ ဘာလဲဟုမေး၏။

'မ ပေးတဲ့စာအုပ်ထဲက တစ်ချို့နာမည်တွေကဖတ်မရဘူး။ အိမ်ပြန်ရောက်ရင် ဖတ်ပြပါလား'

'ဟုတ်လား။ သိပ်တော့မခက်ပါဘူး သော်တာက ဖတ်ခါစမလို့ဖြစ်မယ်။ ပြန်ရောက်ရင် တို့အခန်းဘက်လာခဲ့လေ။ နော်'

'ဟုတ်။ '

သူတို့တော့မသိ သော်တာဒီနေ့ညထမင်းစားတာတော်တော်လေးများနေပြီ။ ထမင်းသိပ်မများပေမယ့် စာပွဲပေါ်အပြည့်မှာထားသည့်ဟင်းတွေကို သူတို့ကတို့တိတို့တိသာစားနေတော့ သော်တာတစ်ယောကိထဲအကုန်တုတ်တော့၏။

Hacked meTempat cerita menjadi hidup. Temukan sekarang