Hacked me

3.4K 266 4
                                    

Please! Hacked me
အပိုင်း(၁၄)

'ဒါနဲ့။ မ ပြောသလိုသာဆို စိမ်းက သူ့ကိုချစ်ခဲ့တာလား'

'အဲ့လိုပဲလေ။ သူငယ်ချင်းမကပါဘူးဆိုပါမှတော့ ချစ်လို့ပေါ့။ ချစ်တယ်ဆိုတာလဲ အမျိုးမျိုးရှိတာပဲ သူငယ်ချင်းကိုချစ်တဲ့အချစ်၊ မိဘနဲ့သားသမီးချစ်၊ မိဘတောင်မှ အမေနဲ့တူတဲ့အချစ် အဖေနဲ့တူတဲ့အချစ် သက်မဲ့အရာတွေချစ်တဲ့အချစ် ...။ ကဲ ပြောရင်ကုန်မှာတောင်မဟုတ်ဖူး'

သည်တစ်ခါတော့ မပြောတာတွေ သူနားမလည်တော့ပါ။ သော်တာ့ကို အချစ်အကြောင်းမေးခဲ့ဖူးသူက အခုကျ သူကိုယ်တိုင်အချစ်အကြောင်းတွေပြောနေလို့ပါလား။ ဘယ်စာအုပ်ထဲကများရှာဖတ်လာပါလိမ့်...။ သော်တာသ်ိသည့်အချစ်က ၅၂၈နှင့် ၁၅၀၀ ထိုနှစ်ခုထဲသာသိ၏။ စိမ်းရဲ့ အဆက်ဟောင့းအကြောင်းကိုခဏမေ့ကာ ထိုအချစ်အကြောင်းကိုသာ ဆက်ဆွေးနွေးနေမိပြန်သည်။

'၅၂၈တို့ ၁၅၀၀တို့ အဲ့လိုအချစ်တွေကျတော့ရော ဟင် မ။ '

တစ်ငုံပြီးတစ်ငုံသောက်မိသော ကော်ဖီအရသာပင်မခံစားမိတော့။

'အဲ့ဒါကျ တရားသဘောတွေပါသွားပြီ ယူရဲ့။ တို့လည်းဖတ်တုန်းကပဲ မှတ်မိတာ ပြန်ပြောဖို့ကျအလွတ်မရဘူး...။  တိုတိုပဲပြောပြရမလား'

ဟုတ်ပါရဲ့..။ သည်၅၂၈နဲ့၁၅၀၀ သဘောကို ကြည်ပြာ ခဏခဏစာတွေထဲမှာဖတ်ဖူးတယ်။ ဘာလို့များ အခုထိမမှတ်မိနိုင်ရတာလည်း။ ကိုယ့်ကိုယ်အပစ်တင်ရင်း ယေဘုယျသဘောကိုသာပြောပြရန်ကြိုးစားမိ၏။

'၅၂၈က မေတ္တာကြည့်သက်သက် သူ့မှာအပေးပဲရှိပြီး အယူမရှိဘူးတဲ့။ အဲ့ဒီ့အချစ်က သိပ်ကိုအေးချမ်းတယ် ကိလေသာလည်းမပါဘူး။ အကြမ်းဖျင်းဆို သူက မိဘ မောင်နှမ သူငယ်ချင်းအချစ်ပေါ့.....။ နောက်ထပ် ၁၅၀၀ကျတော့ ပေးသလောက်ရချင်တာ ကိုယ်တစ်ယောက်ထဲပဲရလိုတာ၊ သူ့ရဲ့အသေးအဖွဲလေးကစ ကိုယ်ပိုင်တယ်လို့ တွေးမိတာ။  နားလည်အောင်ပြောရရင်တော့ လိုချင်တက်မက်မှုတွေ ဆွဲလမ်းရူးသွပ်တာတွေက ၁၅၀၀ အချစ်မှာပဲရှိတယ်'

နားလည်သလိုလိုရှိသော်လည်း သော်တာသေချာတော့နားမလည်လိုက်။ ကော်ဖီခွက်ထဲတွင်လည်း ကော်ဖီတစ်စက်မှပင်မကျန်။

Hacked meWhere stories live. Discover now