Hacked me part (6)

3.3K 279 3
                                    

​Please! Hacked me
အပိုင်း(၆)

သော်တာ့ကို ကျောင်းပေါက်၌ချထားခဲ့ပြီးနောက် အရေးကြီးကိစ္စရှိ၍ဟုဆိုကာ ချက်ချင်းပြန်သွားသည့် မကို အပစ်မတင်ရက်ပြန်ပါ။ ကျောင်းထဲ၀င်ရမှာလဲ စိတ်ကမသိုးမသန့်ဖြစ်နေ၍ ဖယ်ရီပေါ်တက်ကာ အိပ်နေရန်စိတ်ကူးလိုက်တော့သည်။ သညိပုံစံနှငိ့ အိမ်ရောက်လျှင် အမေ့ကိုဘယ်လိုများပြောရပါ့.....။

👠👠👠👠👠

ကျောင်းသွားချင်စိတ်မရှိသေိာလည်း အိမ်မှာလည်းမနေချင်ပြန်။ သည်ရက်ပိုင်းဆိုင်အတွက် ကြော်ငြာရိုက်နေရသည့်အတွက် ကျောင်းလည်းသေချာမတတ်ဖြစ်သေး။ စိမ်း သက်သက်မဲ့ခေါ်ပြီး အရှက်ခွဲလိုက်သော ကောင်မလေးကို အားနာပေမယ့် စိမ်းအကျင့်အတိုင်းတောင်းပန်ဖို့ စိတ်ပင်မကူးမိ။ သူကြည်ပြာနဲ့ စကားပြောနေတာကို ဘာလို့မဆီမဆိုင် မနာလိုဖြစ်နေရတာပါလိမ့်။ စိမ်းသူငယ်ချင်းက တစ်ခြားတစ်ယောက်နဲ့ပြုံးပျော်နေလို့နေမှာပါလေ....။ ဟိုဘေထုတ်သည်ကိုတော့ မနလိုစရာမရှိပါဘူး။ အာ...ဟုတ်သားပဲ ကျောင်းသွားရမယ် ပြီးရင်.....။ ဘာပဲဖြစ်ဖြစ် အိမ်မှာနေတာထက်စာရင် ကျောင်းမှ အပျင်းပျေစရာတွေအများကြီးရှိတယ်လေ။

သော်တာရဲ့ပုံစံကို အမေက မဆူသော်လည်း သိပ်တော့ကြည့်ရပုံမပေါ်။ ညီမလေးက ကောင်းတယ်တဲ့ ရွဲ့များပြောသလားတော့မသိ။
ဆံပင်ညှပ်ဆရာဖီးပေးလိုက်သည့်အတိုင်း ဂျလ်နည်းနည်းလူးကာ ရှည်နေသည့်အခြမ်းကို အပေါ်သို့တင်ကာဖီးလိုက်သည်။ တစ်ကယ်လည်းမဆိုးပါဘူး ဖရိုဖရဲဆံပင်တွေထက် ဒီတိုင်းလေးက သပ်သပ်ရပ်ရပ်ရှ်ိသည်။ မ ပြောသွားပါတယ်.....ဘာတဲ့..သြော်....ယောကျာ်းလိုမှ မိန်းမလိုမှဆိုတာ လူတွေသမှတ်တာတဲ့လေ။ ဟုတ်သားပဲ....တစ်ကယ်လို့များသာ ယောကျာ်းလေးတွေက ထမိန်တွေ စကပ်တွေ၀တ်ပြီး မိန်းကလေးတွေက ပုဆိုးတွေ ဘောင်းဘီတွေ၀တ်ခဲ့ကြရင်ရော အခုချိန်ဆို အဲ့ပုံစံကအမှန်ဖြစ်နေမှာပဲ။

အင်္ကျီပုန်းလေးထဲမှ အမေအထုတ်အသစ်ဖောက်တုန်းကရွေးထားသည့် တီရှပ်လေးကိုကောက်စွပ်လိုက်သည်။ မ ၀ယ်ပေးလိုက်သည့်ဂျင်းဘောင်းဘီကိုပဲ ပြန်၀တ်လိုက်သည်။ ထိုအထဲ၌ သော်တယအကြိုက်ဆုံးက ဖိနပ်လေးပင်.....။မြင်းချေးရောင်ခပ်ဆိုဆိုလေးကိုမှ ပြောင်လက်နေသည့်ရူးဖိနပ်လေး။ ယောကျာ်းလေးစီး ဆိုဒ်အသေးဆုံးဖြစ်ပေမယ့် အနည်းငယ်ချောင်နေ၍ ဖနှောင့်နား၌ တီးရူးလေးရွက်ကိူခေါက်ကာ ထည့်လိုက်တော့မှ အဆင်ပြေတော့သည်။

Hacked meWhere stories live. Discover now