Hacked me

3K 229 0
                                    

Please! Hacked me
အပိုင်း(၁၆)

'မြတ်သူ...နင်...။ နင်ပြန်တော့လေ..ညနေမှငါလာခဲ့မယ်'

'ဒါဆိုလဲ သဘောပါ။ အရင်နေရာကပဲစောင့်နေမယ်နော်။  က်ုယ်သွားတော့မယ်'

စိမ်းလက်ကိုခပ်ဖွဖွဖျစ်ညှစ်လျှက် နှုတိဆကိ၍ဆင်းသွားတော့သည်။ သူဆင်းသွားသည့်နောက်ကိုလိုက်ကြည့်နေမိရင်း သောက်လက်စအအေးခွက်လေးနှင့် လူမရှ်ိတော့သည့် ထိုင်ခုံလေး။ သော်တာဘယ်ရောက်သွားတာလဲ.......ဟိုတစ်ယောက်ကိုတွေ့လို့များပြန်သွားတာလား..။

'စိမ်း အဆင်သင့်ဖြစ်ရင် စရအောင်နော်'

'ခဏလေး..'

အခန်းထဲ၌ကျန်ခဲ့သည့်ဖုန်းကို ယူခိုင်းလျှက် သော်တာ့ကိုဖုန်းခေါ်ကြည့်မိသည်။ ကိုင်ပါ....ဖုန်းကိုင်စမ်းပါ........။ သော်တာ့ရဲ့စိတ်ထိခိုက်မှုအတိုင်းမဆကို မခန့်မှန်းတတ်သော်လည်း စိမ်းလိုပဲ သူလည်းတုန်လှုပ်ခြောက်ခြားနေမှာသေချာသည်။ သူ့နောက်ကိုလိုက်သွားရမှာလား.......။ ဖုန်းခေါ်နေရင်းမှ စိမ်းကိုစောင့်နေကြသည့် ဘေးကလူတွေကိုတစ်ချက်ကြည့်လိုက်မိသည်။ သော်တာ့နောက်ကို ကမူးရူးထိုးပြေးလိုက်သွားလျှင် သည်လူတွေရဲ့ပါးစပ်ဖျား၌ စိမ်းက အလုပ်ကိုတန်ဖိုးမထားသည့် ခပ်ပေါ့ပေါ့ တာ၀န်မဲ့ သူဠေးသမီးတစ်ယောက်ဖြစ်သွားလိမ့်မည်။ သူတို့ရဲ့တစ်နေ့တာက အလကားဖြစ်သွားလိမ့်မည်။ သူတို့ရဲ့အလုပ်တွေကို တန်ဖိုးထားလွန်း၍မဟုတ်ပေမယ့် သည်ဆိုင်ကြီးရဲ့ဂုဏ်သိက္ခာက်ိုတန်ဖိူးထားမည်။

'ဟိုရှေ့ကတစ်ယောက်ကို ကျော်ပြီးကားရပ်ပေးပါ'

တစ်ခါတစ်လေမှဆုံဖြစ်သည့် မိသားစုဆုံညီနေ့လယ်စာစားပြီး အိမ်အပြန်လမ်း၌ လမ်းဘေးကပ်ကာ ငိုက်စိုက်စိုက်လမ်းလျှောက်လာသူကြောင့် ဒရိုက်ဘာကိုကားရပ်ပေးဖို့ပြောလိုက်မိသည်။ သူ့ကိုကျောပေးထားသော်လည်း လမ်းလျှောက်ပုံက အမြဲတမ်းအဲ့လိုပင်ဖြစ်နေသည့် သော်တာ့ကို ဘယ်အချိန်တွေ့တွေ့မှတ်မိနိုင်သည်လေ။

သူ့ဘေး၌ရပ်သွားသည့်ကားကို တစ်ချက်ကြည့်ကာ ရှောင်ကွင်းသွားသည့် သူ့ပုံစံက တစ်ခုခုကိုကြေကွဲနေပုံရသည်။ သည်လမ်းပေါ်မှာ ဘာလုပ်နေတာပါလိမ့်.....ဒီနားမှာ စိမ်းရဲ့ဆ်ုင်ရှိတယ်..အဲ့ဒီကနေများ ရန်ဖြစ်ပြီးပြန်လာပြန်တာလား။

Hacked meWhere stories live. Discover now