Please! Hacked me
အပိုင်း(၂၄)'ဆေးရုံကဆင်းရမယ်။ '
ကြည်ပြာ နားကြားလွဲသလားဟုသေချာအောင်ထပိမေးရသည်။ သော်တာကိုဆေးရုံကဆင်းလို့ရပြီတဲ့...။ အပြင်ကဒဏ်ရာတွေကပျောက်တာမှန်ပေမယ့် သူသတိမရသေးဘူးလေ....။
'နောက်ဆုံးဆေးစစ်ချက်အရတော့ ဆေးရုံကဆင်းလို့ရနေပါပြီ'
ဆရာဝန်ပေါက်စလေးက ခပ်အေးအေးသာပြန်ဖြေ၏။
'သူသတိမရသေးဘူးလေ။ အကုန်လုံးကိုလဲ မမှတ်မိသေးဘူး ဒါကိုဆေးရုံကဆင်းလို့ဘယ်ဖြစ်ပါ့မလဲ'
ဆရာဝန်လေးက ဆေးစာရွက်မှမျက်နှာလွဲကာ သူ့စကားကိုဆုံးအောင်နားထောင်ပါအုံးလားဟူသော မျက်လုံးဖြင့်ဖျပ်ခနဲမော့ကြည့်လိုက်ပြီ
'ဆရာဝန်ကြီးက တစ်ပတ်တစ်ခါဆေးစစ်ဖို့ ဒိတ်ပေးထားပါတယ်။ သူသတိရဖို့အတွက် ဆေးရုံထက် သူနေတဲ့နေရာကပိုအဆင်ပြေမယ်လေ'
သူ့အတွက်စိတ်ပူလွန်၍ စကားပြောလောသွားသည့်အတွက် ဆရာဝန်လေးကိုအားနာသွားရသည်။ ဆရာပြောတာလဲအမှန်ပါပဲ...သော်တာ့ကိုသူကုန်ဆုံးခဲ့သည့်အချိန်တွေထဲပြန်ခေါ်သွားရလိမ့်မည်။
'သူတစ်ကယ်ပဲ သတိရလာပါ့မလား'
'သတိရလာနိုင်ပါတယ် ၊ အချိန်တော့ယူရမှာပေါ့။ ကဲကျွန်တော့ကို ခွင့်ပြုပါအုံး ။ နောက်တစ်ပတ်ရက်ချိန်းမှာ ကံကောင်းပါစေဗျာနော့်'
ဆရာဝန်လေးနဲ့ အစ်မကြည်ပြာပြောတာတွေနားထောင်ရင်း အစ်မကြည်ပြာရဲ့မျက်နှာကိုသေချာအကဲခတ်နေမိသည်။ သူဘာလို့ အဲ့လောက်စိတ်ပူပေးနေရတာလဲ......သော်တာမေ့နေတဲ့အရာတွေက သူအတွက်အရေးကြီးလို့များလား။
သော်တာလက်ဝါးနှစ်ဖက်ပေါ် မျက်နှာအပ်လျှက် မျက်လုံးတွေမှိတ်ပစ်လိုက်သည်။ ငါဘာတွေမေ့နေတာလဲ......ကားအက်စီးဒင့်ဆိုတာက အမှန်လား။လှေကားအကွေ့လေး၌ အနည်းငယ်လင်းနေ၏.....ဒူးနှစ်ဖက်ကိုပွေ့ပိုက်လျှက် မျက်နှာအပ်ကာထိုင်နေသော ကောင်မလေး။ သူဆံနွယ်တွေက သူ့ကိုယ်တစ်ဝက်ကိုဖုံးအုပ်လျှက် ......သော်တာခြေထောက်ကြားထဲမှာ ရှတတနှင့်နာနေခဲ့သည်။ ဘာဖြစ်တာလဲ......ဘာလို့နာနေတာလဲ။ ထိုကောင်မလေးကရော ဘယ်သူလဲ...။