Hacked me. part (10)

3.2K 257 0
                                    

Please! Hacked me
အပိုင်း(၁၀)

ခဏတာငြိမ်သက်သွားပြီးနောက် ကန်တင်းကပြန်လည်ဆူညံလာပြီဖြစ်၏။ ထမင်းချိုင့်လေးကို စားပွဲပေါ်တင်ထားလိုက်ပြီးနောက် ကော်ဖီတစ်ခွက်လှမ်းမှာလိုက်သည်။ ဒီနေ့ဖယ်ရှခပေးရမည် အမေကပိုက်ဆံထည့်ပေးလိုက်ပြီး အသွားကတည်းကသေချာပေးဖို့ မှာလိုက်ပေမယ့် စိမ်းရဲ့ကားနဲ့လိုက်လာတော့ မပေးလိုက်ရ။

သော်တို့ရက်ကွက်လေးက အမေးအမြန်းထူး၏ ပြီးတော့ မျက်စိဒေါက်ထောက်ကာကြာ့်လျှက် အကဲ့အရဲ့ကလည်းထူပြန်သေးသည်။ ညဘက်အချိန်မတော် ကားအကောင်းစားနှင့်ရောက်လာပြီး ၀တ်ကောင်စားလှတွေနဲ့ တင်နီလာဇော့်ရဲ့အကြောင်းက မနေ့ကမနက်ခင်းသတင်းကြီးပိုင်းဖြစ်ခဲ့၏။ အမေ့ကို ဘယ်ကလဲ ဘယ်သူလဲနှင့် မေးတာတွေလဲ ဆုံလို့တဲ့လေ။ ထိုသင်တင်းမှမဆုံးသေး နေ့ခင်းကျ မ က အိမ်ရှေ့ထိကားနှင့်လိုက်ပို့ပြန်သည်။ သည်မနက်ကျ စိမ်းရဲ့ကား......။ သော်တာ အနေအထိုင်ဆင်ခြင်မှဖြစ်မည်ထင်၏။ ပတ်၀န်းကျင်ဆိုတာ မျက်လုံးကလည်းကြည့်သလို ပါးစပ်ကနေလည်း မဟုတ်တာရော ဟုတ်တာရော အရသာခံပြောတတ်လွန်း၏။ အစတစ်ခုရလျှငိ ပုံကြီးလည်းချဲ့တတ်သေးသည် သော်တာတို့အမေက မုဆိုးမ ..သားသမီးသုံးယောက်ကို ထမင်းနပ်မှန်အောင်ရှာကျွေးလျှက် ကျောင်းထားနိုင်နေသေးတာကိူပဲ သူတိုမျက်လုံးထဲ စပါးမွှေးဆူးတယ်ထင်ပါရဲ့။

'သြော်...။ ဟုတ်လား အဲ့ဒါကအရေးမကြီးပါဘူး ဂရံတွေရဖို့ပဲအရေးကြီးတာ'

မနေ့ညက Aplex barက အပြန် ဟိုငတိသုံးယောက် အရိုက်ခံရကြောင်း ကြည်ပြာ့ကိုဖုန်းဆက်ပြောလာသည်။ တော်တော်များတယ် ဆေးရုံတောင်အရေးပေါ်အခြေအနေပဲရှိသေးတယ်တဲ့။ ကြည်ပြာဖုန်းချလိုက်ပြီ စိမ်းအားတစ်ချက်လှမ်းကြည့်လိုက်သည်။

'စိမ်း ဟိုသုံးယောက် ဆေးရုံမှာတဲ့'

စိမ်းက သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး တိတ်တိတ်နေဖို့ မျက်ရိပ်ပြ၏။ ထင်သားပဲ....ဒါစိမ်းလက်ချက်ကလွဲပြီး ဘယ်သူရှိအုန်းမှာမလို့လဲ။ ရှစ်နာရီခွဲတော့မယ် ......ကြည်ပြာတို့အတန်း၌ ပထမဆုံးအချိန် tutoရှိသေး၏ ထို့ကြောင့် တင်ဇော်က အတန်းတက်ဖို့နိုးဆော်ပြီး သူအရင်ထလိုက်တော့သည်၊၊ သူတို့သွားမယ်လုပ်မှ သော်တာ wellcomeကိုသတိရသွားပြီး

Hacked meWhere stories live. Discover now