Hacked me part (9)

3.2K 257 2
                                    

Please!Hacked me
အပိုင်း(၉)

အိမ်ရှေ့ဆင်၀င်အောက်၌ ဘရိတ်ကိုအဆုံးအုတ်ကာ ရပ်တန့်သွားသည့် စိမ်းရဲ့ကားသံကြောင့် ခြံထဲရှိထန်ထမ်းအားလုံး အပြေးအလွှားရောက်လာကြ၏။ စိမ်းရဲ့ ကားသံကိုနားစွင့်ကာ ရာသီဥတုခန့်မှန်းရသူတွေဖြစ်၍ သည်အနေပထားသည် မုန်တိုင်းထန်လာမှန်း အားလူံးသိလိုက်ပြီ။ ပွဲမှာ ဘာများဖြစ်ခဲ့လို့ပါလိမ့်ဟု ရင်တစ်ထိတ်ထိတ်စောင့်နေကြစဉ် ကားတံခါးကဖျပိခနဲပွငိ့သွားပြီး

'ဘာကြည့်နေတာလဲ နောက်ခန်းကလူကို အပေါ်သယ်သွား။ ပြီးရင် ဆရာ၀န်ခေါ်။ မြန်မြနိလာလို့ပြောနော်။ '

ကောင်လေးတစ်ယောက်က သော်တာ့ကိုကျောပိုးကာ အိမ်ထဲသို့ပြေး၀င်သွားသည်။ အိမ်ထိန်းက စိုးရိမ်ပူပန်းလွန်း၍ ကတုန်ကယင်ဖြစ်နေသည့် စိမ်းကိုကြည့်ပြီး

'မမလေး ဘာဖြစ်လာတာလဲ။ '

'ကျော်လင်းတို့ကိုဖုန်းဆက်ပြီး အခုချက်ချင်းပိမ်လာခိုင်းလိုက်'

ကျော်လင်းဆိုသည်က စိမ်းဒက်ဒီရဲ့လူယုံ ပြီးတော့ စိမ်းရဲ့အငှါးလူမိုက်လည်းဖြစ်သည်။ လူယုံဆိုသော်လည်း ဒက်ဒီမသိသေချင်သည့် ကိစ္စတွေကိုလည်း သူကနှုတိလုံလုံဖြင့် စိမ်းခိုင်းသည့်အတိုင်းလုပ်ပေး၏။
အိမ်၏ တတိယထပ်ကိုရောက်တော့ ကောင်မလေးလာပေးသည့် ည၀တ်အင်္ကျီကိုအမြန်လည်းလိုက်ပြီး သော်တာ့ကိုထားသညိ့ အခန်းထဲသို့၀င်ခဲ့၏။ သော်တာ့ရဲ့ အ၀တ်အစားတွေကို ကောင်မလေးတွေက လည်းပေးထားနှင့်နေပြီ။ ညနေက တောက်ပြောင်နေခဲ့သော ကြွေပါးစေ့လေးသည် အခုတော့စိမ်းကြောင့် ဖုန်တွေသွေးတွေလူးလျှက်။

'မမလေး ဆရာ၀န်ရောကိပြီ'

တံခါးပေါက်၌ ပိတ်ရပ်မိနေသည်မလို့ စိမ်းကိုယ်ကိုဘေးသို့တိမ်းပေးလိူက်သည်။ ဆရာ၀န်က သော်တာ့ကိုတစ်ချက်ကြည့်ကာ

'စိမ်း သူဘာဖြစ်တာလဲ'

'အရိုကိခံရတာ။ '

မိသားစုဆရာ၀န်လဲဖြစ်နေ၍ အမှန်အတိုင်းပြောလိုက်သည်။ သူက မထူးဆန်းသလိုခေါင်းဆတ်ကာ သော်တာမျက်နှာနှင့် ကိုယ်ပေါ်ကဒဏ်ရာတွေကို စစ်၏။ စိမ်း စိုးရိမ်သော်လည်း ဘေးမှာတစ်ခြားလူတွေရှိနေ၍ မျက်နှာကိုပို၍တင်းထားမိသော်လည်း သော်တာ့ကိုကြည့်ကာ နာကျဉ်နေရသညိ။

Hacked meWhere stories live. Discover now