Please! Hacked me
ဇာတ်သိမ်းပိုင်း'ခဏ ခဏလေး ဆရာ။ '
သိပ်တော့မအံ့သြပေမယ့် ရည်းစားစကားအရင်မပြောပဲ အဆင့်ကျော်ကာ လက်ထပ်ရအောင်ဟုဆိုလာသည့်သူ့ရဲ့ အတင့်ရဲမှုကိုစိတ်ပျက်သွားမိသည်။ နှင်းဆီပန်းခုံလေးထိပ်က စာပွဲလေးကိုရောက်အောင်လျှောက်မည့် ခြေလှမ်းတွေကိုပါရပ်ထားလိုက်၏။
'ကြည်ပြာတို့ တွေ့တာ ဒါနဲ့မှ သုံးခါပဲထင်တယ်နော်။ '
ကိုအောင့်မျက်နှာသည် ဖျန်းခနဲရဲတက်သွားပြီးနောက် ရှက်တာရော အားနာတာရောပါ ရောပြွန်းနေသည့် အမူအရာဖြင့်
'ဆောရီး...။ ဆောရီးပါ ကြည်ပြာရယ်။ ကျွန်တော်အကျင့်အတိုင်း လိုရင်းပဲပြောလိုက်မိတာပါ။ အငယ်တွေလို ချစ်သူတွေဘာတွေခါးနေဖို့လဲ ကျွန်တော့်မှာအချိန်မပေးနိုင်ဘူးလေ။ ဒါကြောင့်မို့ပါ...'
ဆေးရုံမှာတုန်းက သူနဲ့အဆင်မပြေဖြစ်ခဲ့ခြင်းအတွက် ကြည်ပြာမအံ့သြမိတော့ပါ။ စကားကိုလိပ်ပတ်လည်အောင်မပြောတတ်ပါပဲနဲ့များ လူနာတွေနဲ့ဘယ်လိုစကားပြောနေပါလိမ့်။
'ကဲပါ ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည်ပြာငြင်းပါရစေ ဆရာ။ '
အိမ်ဘက်သို့ပြန်ဖိုလှည့်ထွက်တော့ ကြည့်ပြာ့ရဲ့ဂါဝန်အနားစလေးက နှင်းဆီဆူးတစ်ခု၌ချိတ်မိနေသည်။ ကြည်ပြာဖယ်ဖို့လက်ပြင်တုန်း တစ်ကယ်ပဲကြည်ပြာ့ကိုဂရုစိုက်၍လား သို့မဟုတ် သူ့မျက်နှာဘယ်လောက်ပျက်ယွင်းသွားမှန်း ကြည်ပြာမြင်မှာစိုးရိမ်၍လား မပြောတတ်နိုင်အောင် ငြိသွားသည့်ဂါဝန်စလေးကို ငုံ့ကာဖယ်ရှားပေးလိုက်သည်။ ထို့နောက် သက်ပျင်းချလိုက်တယ်ထင်၏..
'ခဏလေးအချိန်ပေးပြီးတောင် မစဉ်းစားတော့ဘူးလား ကြည်ပြာ။ ဟင်....။
'စဉ်းစားရင်လဲ အချိန်ကုန်တာရှိမှာပါပဲဆရာရယ်။ ကြည်ပြာလက်မထပ်နိုင်ပါဘူး...။ ဆရာကိုတင်မဟုတ်ပါဘူး......တစ်ခြားဘယ်သူ့ကိုမှလဲ လက်မထပ်ချင်ဘူး'
ထိုစကားလေးပြောရုံမျှဖြင့် အားတွေကုန်ခမ်းသွားသလို ပျော့ခွေကျချင်လာသည်။ တစ်ကယ်က ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အဆုံးထိရူးရူးမိုက်မိုက်ချစ်နေချငိသေးတာပါ။ သူမှမဟုတ်ရင် တစ်ခြားသူတွေအားလုံး ကြည်ပြာ့ရှေ့နှလုံးသွေးနဲ့စတေးပြီး လက်ထပ်ပါဆိုရင်တောင် ထိုင်ရယ်နေမိမလားပဲ။ ကိုယ့်ဘက်ကအမြဲတမ်းပေးဆပိနေရလို့ ဝဠ်ကြွေးလို့လဲမသတ်မှတ်နိုင်ပါ။
![](https://img.wattpad.com/cover/205303372-288-k27105.jpg)