Hacked me part (11)

3.1K 261 3
                                    

Please! Hacked me
အပိုင်း(၁၁)

အမှတ်မရှိသည့်သော်တာတစ်ယောက် ဒုတိယအကြိမ်အသည်းကွဲရပြန်ပြီ။ သူ့ကိုကျောခိုင်းထွက်သွားသည့် မရဲ့ကျော်ပြင်ကို ဒုတိယအကြိမ်ထပ်မြင်ရပြန်တော့ အရင်ကလောက်တော့ မနာကျဉ်တော့ပါ။ စိမ်းက သူ့ကိုချစ်တယ်တဲ့လား......မဖြစ်နိုင်လိုက်တာ။ မနက်ဖြန် ဘလိုလုပ်ရပါ့...အမေနဲ့လည်းစျေးလိုက်သွားချင်သည်။ စိမ်းကလည်း.......တော်ပါပြီလေ အမေ့နဲ့ပဲသွားတော့မယ် ကိုးနာရီထိုးလို့ သူရှိမနေရင် စိမ်းပြန်သွားမှာပါ။

👠👠👠👠👠

ိအိမ်ရဲ့ကြမ်းခင်းကြီးက တစ်အိအိလှုပ်နေသည်။ ခေါင်းရင်းနားမှ ခြေသံတွေ ပြီးတော့ ခြေရင်းဘက်မှ ဆူညံနေသည့်တီဗီသံ.....။ သော်တာ အလန့်တကြားနှင့်ဗြုန်းခနဲထထိုင်လိုက်မိသည်။ တီဗီကြည့်နေတဲ့ အငယ်လေး ခေါင်းရင်း၌ ရေချိုးပြီး သနပ်ခါးလိမ်းဖို့ပင်နေသည့် အလတ်မ.....ဒုက္ခပဲဘယ်အချိန်ထိအိပ်နေမိပါလိမ့်

'အငယ်မ ဘယ်နှစ်နာရီလဲ'

'ရှစ်နာရီခွဲပြီလေ။ '

'အမေကရော'

'စျေးရောင်းသွားပြီပေါ့။ မမကိုနှိုးနေတာ ထမှမထပဲနဲ့ '

သော်တာ အိပ်ယာကိုကမန်းကတန်းသိမ်းကာ မျက်နှာသစ်ရန်အမြန်ဆင်းခဲ့လိုက်သည်။ အမေ့စီလိုက်သွားရင်ကောင်းမလား....။

'အမေက ဘာမှာသွားသေးလဲ'

'မမှာဘူး။ စောစောသိမ်းမှာတဲ့ ထမင်းအိုးပဲတည်လို့မှာသွားတယ်'

သွားတိုက်ဆေးတွေကို ပလုတ်ကျင်းကာ ထွေးထုတ်လိုက်ပြီး အိမ်ပေါ်သို့ပြန်တက်ခဲ့သည်။ တီဗီကြည့်နေတဲ့ အငယ်လေးကိုခွကျော်ခဲ့ပြီး အင်္ကျီပုန်းထဲမှ အကောင်းဆုံးအင်္ကျီကိုရွေးနေမိသည်။ ရွေးသာရွေးရပေမယ့် သိပ်တော့မထူးလှပါ...ထို့ကြောင့် ကောင်းမည်ဟုထငိရသော ခဲရောင်တီရှပ်လေးကို လည်းလိုက်ပြီး ဘောင်းဘီအနက်ကို ကောက်စွတ်လိုက်သည်။ ထိုနောက် သနပ်ခါးလိမ်းနေသညိ့ အလတ်မနား၌သွားရပ်ကာ ခေါင်းလိမ်းဆီနည်းနည်းတောင်းလိမ်းပြီး လက်ပူသာဖိခဲ့လိုပ်တော့သည်။
သူများတွေအပြင်သွားလျှင် အထူးသဖြင့် စိမ်းတို့ မတို့တွေ အပြင်သွားလျှင် ဘာတွေများ ူယ်ကြပါလိမ့်.....သော်တာမှာတော့ ဘာမှယူမရာမရှိ ပိုက်ဆံလည်း မပါ ဖုန်းလဲမပါ ခုချိန်လူလျှင် လူကလွဲပြီး ဘာမှရမည်မထင်။

Hacked meWhere stories live. Discover now