Please ! Hacked me
အပိုင်း(၁၂)ရက်ကွက်ထဲထိမ၀င်စေချင်တော့၍ စိမ်းကို လမ်းဆုံမှာပဲကားရပ်ခိုင်းကာ ခြေလျှင်လျှောက်ခဲ့တော့သည်။ အထုတ်အပိုးတွေကိုဆွဲကာ ဆယ်မ်ိနစ်လာက်လမ်းလျှောက်ပြီးမှ အိမ်နားကိုရောက်တော့၏။ ဟူး....မောလိုက်တာ။ အထုတ်တွေအပြင် သူအတင်းထည့်ပေးလိုက့သည့် ဖုန်းအိတ်ကလဲပါသေးရဲ့။ ဖုန်းထဲမှာ သူ့ဖုန်းနံပါတ်ပဲရှိတယ်တဲ့....အိမ်ကမေးမှာဆိုးရင်လည်း မမြင်အောင်သိမ်းထားတဲ့လေ....ဘယ်လိုဟာမလေးပါလိမ့်။
'မမ ပြန်လာပြီလား'
အိမ်ရှေ့ရောက်တော့ ကျူရှင်သွားမည့် အငယ်နှစ်ယောက်နှင့်ဆူံမိသည်။ကျူရှင်က သိပ်မဝေး ခြေလျှင်လည်းသွားလို့ရတော့အဆင်ပြေတာပေါ့.။
'အေး ။ အမေရော ပြန်ရောက်ပြီလား'
'ရောက်ပြီ။ အမေဒီနေ့ စျေးရောင်းကောင့းတယ်ထင်တယ် အိမ်ပြန်တော့ အထုတ်တွေပါအလာဘူး ထီးထောက်လေးနဲ့အခင်းပဲကျန်တယ်' .
'ဟမ်..။ ဘာရယ် အကုန်ကုန်ခဲ့တာလား'
'ဟုတ်တယ်။ အပေါ်မှာ အမေရ်ှတယ် မေးကြည့်တော့ သမီးတိုသွားပြီ'
'အေးသွားသွား။ ပြန်လာရင် မုန့်စားရမယ်'
သိချင်ဇောအားကြီး၍ လှေကားကိုကျော်တက်ခဲ့သည်။ အိမ်အ၀င်ပေါက်နား၌ အိပ်ပျော်သည့်အမေက သူ့ခြေသံကြောင့်နိုးလာတယ်ထင်၏။ အိပ်ချင်မပြေသေးရာမှ သော်တာ့လက်ထဲကအထုတ်တွေကိကြည့်လျှက်
'သမီး ဘယ်ကပြန်လာတာလဲ' .
'သူငယ်ချင်းလာခေါ်လို့ မြို့ထဲလိုက်သွားတာပါ'
မယုံကြည်တာမျိုးတော့ မဟုတ်ပေမယ့် အမေတစ်ခုခုကိုသံသယမြင်နေပုံရ၏။
'စျေးရောင်းရဲ့လား'
တုံးတုံးတိတိမေးမိပြီး အမေ့ကိုရှောင်ကွင်းကာ အထုတ်တွေအား အ၀တ်ပုန်းပေါ်တင်လိုက်သည်။ မုန့်ထုတ်တွေကိုတော့ လက်ကကိုင်ထားမိဆဲ....
'မိန်းမတစ်ယောက် ကားနဲ့ အကုန်လာ၀ယ်သွားတယ်။ အမေက တစ်ထောင်ဖိုး သုံးထည်လို့ပြောတော့ ဒီမှာအကုန်ရှိသလောက်တွက်ပြီး ယူပါတဲ့။ သူ့ပုံစံကဘေထုတ်၀တ်တဲ့ အတင့်အတန်းထဲကတော့မဟုတ်ဖူး'
![](https://img.wattpad.com/cover/205303372-288-k27105.jpg)