Hacked me

3K 202 0
                                    

‌Please! Hacked me
အပိုင်း(၂၇)

'အရင်ကဒီကိုရောက်ဖူးလား'

'ဟုတ်ကဲ့။ စိမ်းနဲ့တစ်ခေါက်ရောက်ဖူးပါတယ်'

'သြော်'

ထို့နောက် အံဆွဲကိုဖွင့်ကာတစ်ဆုံတစ်ခုကို ထုတ်ယူလိုက်၏။ ပလက်စတစ်အကြည်အိတ်လေးနှင့်ထုတ်ထားသည့် ဓာတ်ပုံတွေ။ သူကဓာတ်ပုံထုတ်လေးကို သော်တာ့ဘက်တွန်းပေးလိုက်ပြီး

'ရော့ ။ ကြည့်လိုက်ပါအုံး'

ထိုအိတ်လေးကိုဖွင့်ကာ အထဲမှ4×6အရွယ်ဓာတ်ပုံလေးတွေကို ထုတ်ယူကြည့်လိုက်မိသည်။ သူနဲ့စိမ်းရဲ့ဓာတ်ပုံတွေပဲ.....။ စိမ်းသူ့အိမ်ကိုရောက်တာတုန်းက...သူတို့ခရီးထွက်တုန်းက...အယအိုကွာ...အကုန်အကုန်လုံးနီးနီးပါလား။ သော်တာမကြောက်ပါဘူး....မကြောက်ပေမယ့် ရင်တွေကတော့တုန်နေသည်။

'သော်တာနိုင်လင်းရဲ့ အမေက အင်္ကျီအဟောင်းရောင်းတာနော်။ တစ်ရက်ဘယ်လောက်ဝင်လဲ'

ပကတိတည်ငြိမ်သောအသံ မျက်နှာထားဖြင့်မေး၏။

'ပုံမှန်တော့ လေးငါးသောင်းပါပဲ'

'သြော် ။ လူက လေးယောက်နော် .....။ ဒါဆို ငါးယောက်ဖြစ်သွားရင် လောက်ပါ့မလား။ '

ဘာတွေပြောနေတာလဲ သော်တာနားမလည်ပါ။  သူ့မျက်လုံးတွေကလည်း ခန့်မှန်းရခက်လွန်းပါသည်။ ငါးယောက်...ဘာလို့ငါးယောက်ဖြစ်ရမှာလဲ

'ဥပမာပြောတာပါ။ တစ်ကယ်လို့ စိမ်းက်ု်ိုသာခေါ်ထားရမယ်ဆိုရင်လေ'

'ဗျာ...။ '

သူကတစ်ချက်ပြုံးရုံလေးသာပြုံးလိုက်ပြီး ထိုင်ခုံအမှီကိုခပ်မတ်မတ်မှီလိုက်သည်။

'စိမ်းက တို့တွေရဲ့တစ်ဦးတည်းသော သမီး။ ပြီးတော့ သူ့မှာတာဝန်တွေအများကြီးပဲဆိုတာ သော်တာနိုင်လငိးသိတယ်နော်။ ပြီးခဲ့တဲ့ကိစ္စတွေအတွက်လဲ တို့အရမ်းစိတ်ပူရတယ် စိမ်းတစ်ခုခုဖြစ်လို့ မရဘူးလေ'

'ကားအက်စီးဒင့်ကိုပြောတာလား ခင်ဗျာ့။ '

သူ့မျက်နှာသည် ပကတိတည်ငြိမ်နေရာမှ ရိပ်ခနဲမည်းကာပျက်ယွင်းသွား၏။ ထို့နောက် သော်တာ့ကိုစေ့စေ့ကြည့လျှက်

Hacked meWhere stories live. Discover now