Hacked me

4.2K 261 2
                                    

Please !Hacked me
အပိုင်း(၁၃)

'ခဏထိုင်အုံး။ ပြီးရင်ပြန်ပို့ပေးမယ်နော်'

စိမ်းထားခဲ့သည့် ဒုတိယထပ် ဧည့်ခန်း၌ထိုင်နေပြီးနောက် စိမ်းက အခန်းထဲ၀င်သွား၏။ ကော်ရစ်ဒါနှင့်လှေကားကတစ်ဆက်ထဲဖြစ်ပြီး အောက်ထပ်ကို ထိုကော်ရစ်ဒါမှမြင်န်ိုင်သည်။ အောက်ထပ်၌တိတ်ဆိတ်လျှက်..။ ခဏနေတော့ အိမ်ရှေ့မှ ကားရပ်သံကြားလိုက်ရသည် တစ်စီးထဲတော့ မဖြစ်နိုင်။

'စိမ်းပြန်ရောက်ပြီလား'

တည်ငြိမ်ခန့်ညားသည့် ယောကျာ်းတစ်ယောက်အသံ။ သည်အိမ်ကြီး၌ စိမ်းလို့ခေါ်တာဆိုတော့ သူ့အဖေများလား။ ထိုအတွေးနှင့်အတူ စိမ်းရဲ့အဖေဆိုသူကို မြင်ဖူးချင်ဇောဖြင့် ထရပ်လိုက်ပြီး ကော်ရစ်ဒါနားလျှောက်သွားလိုက်သည်။ အပေါ်ကမြင်ရသောကြောင့် မျက်နှာကိုသေချာမမြင်ရ။ သူ့နောက်၌ ပုဆိုးနှင့် လည်ကတုံးအဖြူကိုသပ်ရပ်စွာ၀တ်ထားသည့် ယောကျာ်းနှစ်ယောက်က ကပ်လျှက်ပါလာ၏။ သော်တာမြင်ထူးနေကျ အိမ်ထိန်းအမျိုးသမီးက

'ပြန်လာပြီ ဆရာ။ မမလေးကြည်ပြာစာအုပ်လာပေးလို့လေ'

မ စာအုပ်လာပေးတာသာပြောပြီး ဘာလို့ သော်တာ့ကိုထည့်မပြောရတာလဲ။

'သြော်။ မင်းတို့လဲ ပြန်နားတော့ ဒီနေ့အတွက်တာ၀န်ကျေပြီ'

သူ့နောက်က လူနှစ်ယောက်က ဟုတ်ကဲ့ဟုဆို၍ အိမ်ရှေ့သို့ပြန်ထွက်သွားတော့သည်။ ခဏနေတော့ ကားတစ်စီးခြံထဲမှထွက်သွားသလို စိမ်းရဲ့ အဖေလည်း လှေကားအတိုင်းတက်လာနေပြီ။ သူလှေကားထိပ်သ်ုိ့ရောက်ခါနီးတော့ သော်တာ့လက်ကိုနောက်မှ ဆွဲကာ အခန်းထဲခေါ်သွားသည့် စိမ်း။

'စိမ်း ဘာဖြစ်လို့လဲ'

သူကတံခါးကိုလော့ချလိုက်သည်။ အပြင်ကနှင့်မတူပဲ အခန်းနံရံနှင့် မျက်နှာကျက်က ခဲရောင်ဖျော့ဖျော့ဖြစ်နေ၏။ စိမ်းက်ု အရောင်ရင့်တွေကြိုက်တယ်ထင်ထားခဲ့တာ....

'တိုးတိုးနေ။ ယူ့ကို မြင်လို့ ဘယ်သူလဲ ဘယ်ကလည်းမေးရင် ဖြေစရာမရှိသေးဘူး'

အခန်းတွင်း၌ပင် နောက်ထပ်တံခါးပိတ်ထားသော အခန်းသုံးခန်းရှ်ိသေး၏။ သော်တာ၀င်နေမသော အခန်းထဲ၌ အ၀တ်အစားတွေအပြည့် အခန်းနံရံ၌ကပ်ကာထောင်ထားသည့် ဖိနပ်စင်နှစ်ခုက လူနှစ်ရပ်လောက်မြင့်၏။ စိမ်းပြောတာလဲမှန်ပါသည်။ ခုဏက ကြည်ပြာလာတယ်လို့ပြောတာလေ သော်တာမှမပါပဲ...ပြီးတော့ သူ့ကိုမြင်လို့ ဘယ်သူ့လဲမေးလျှင် သူငယ်ချင်းလို့ပြောတာကဟုတ်ပါရဲ့...ဘယ်သူ့သမီးလည်းမေးလျှင်တော့....။ သည်လောက်အကြာကြီးတောင် စိမ်းတစ်ယောက်အ၀တ်လဘ်းမလို့မပြီးသေး...အောက့ပိုင့းကတော့ ချည်ဘောင်းဘီရှည်ကို၀တ်ထားပြီးသော်လည်း အင်္ကျီမလည်းရသေး လက်ထဲမှာတော့ ချည်ဘောင်းဘီနဲ့၀မ်းဆက် အင်္ကျီလေးကိုကိူင်ထညး၏။

Hacked meWhere stories live. Discover now