Hacked me (bonus)

8.6K 451 45
                                    

Hacked me (Bonus epic)

စာအုပ်ထဲ၌ နားမလည်သည့် စာကြောင်းများအား မှတ်စုစာအုပ်လေးထဲ၌ ကူးရေးထားလိုက်သည်။ နောက်တစ်ခေါက် မ ဆိုင်သို့လာလျှင် ထိုစာကြောင်းများ၏ အဓိပ္ပါယ်ကိုမေးရန်ဖြစ်၏။ သော်တာစာအုပ်တွေဖတ်ဖြစ်သည် နားမလည်သည့်အခါ သည်အတ်ိုင်းမှတ်ထားတတ်ပြီး မ လာမှ ပြန်မေးတတ်သည်။ ကော်ဖီသောက်ရင်း မနဲ့ နာရီအတော်ကြာစကားတွေပြောဖြစ်၏။ အလုပ်တွေကြားမှ သော်တာနေ့တိုင်းလုပ်မ်ိသည်က စိမ်းပြန်လာမည့်ရက်ကို မျှော်ရခြင်းပင်။ နေ့မှ လတွေသာပြောင်းသွားပေမယ့် စိမ်းတစ်ယောက်ပြန်ပေါ်မလာခဲ့သေးပါ။ ကန်ဘောင်၌ထိုင်ရင်း ပြောခဲ့ဖူးသလို သူတို့နှစ်ယောက်အတွက် သီးသန့်ဘဝလေးတစ်ခု တစ်ကယ်ပင်မရှိနိုင်တော့ဘူးလား။ တစ်ယောက်ဘဝထဲကိုနောက်တစ်ယောက်က မလာနိုင်တာသေချာနေပြီလေ။

'အစ်မ အသစ်ရောက်တဲ့ စာအုပ်တွေ စစ်ပေးပါဦး'

ဖတ်လက်စစာအုပ်ကိုချလိုက်ပြီး စာအုပ်စားရင်းမှတ်ထားသည့် စာရင်းဖိုင်အား Printထုတ်လိုက်သည်။ ထိုစာရင်းအတ်ိုင်း စာအုပ်များကိုက်မကိုက်စစ်ဆေးလိုက်၏။

'ချမ်းမြေ့ဝင်းရဲ့စာအုပ်ကို ရှေ့ဆုံးကစင်မှာထားနော်။ ကျန်တာတွေကို သူ့နာမည်နဲ့သူသေချာစီ။ စာအုပ်စင်လေးတွေ နေရာချိန်းရမလားလို့ ဒိီပုံစံအတိုင်းထားတာ နည်းနည်းကြာသွားပြီ'

' ဒိီတစ်ခါ စင်တွေက နံရံဘက်မှာကပ်မလား အစ်မ။ အလည်မှာ စားပွဲတွေထားမယ်လေ။ လမ်းဘက်က စားပွဲရှည်လေးကတော့ ဒိီတိုင်းပဲထား kitchenကို ကောင်တာဘေးကိုရွေ့လိုက်မယ်'

အခုဆိုင်၏ပုံစံမှာ စာပွဲဝိုင်းများက အပြင်၌ဝိုင်းရံ၍ စာအုပ်စင်များက အလည်တွေရှိနေသည်။  kitchenမှာ ဆိုင်၏အနောက်ဘက် နံရံတွင်ကပ်နေ၏။

'ကောင်းသားပဲ လုပ်ကြည့်ကြမယ်။ '

ဆိုင်အတွင်းဘက် ပြုပြင်ပြောင်းလည်းခြင်းများအား မ ထံသို့ပြောပြနေစရာမလိုပါ။ အရင်က ပြောပြတိုင်ပင်ဖြစ်ပေမယ့် မက သော်တာ ကြိုက်သလိုလုပ်လို့အမိန့်ပေးလ်ိုက်ကတည်းက မပြောပြဖြစ်တော့။ မ ဘယ်နေ့များပြန်လာပါ့မလိမ့်။ နေ့လည် တစ်နာရီကျော်လျှင် သော်တာအိမ်ခဏပြန်ကာ ရေချိုးဘာညာလုပ်တတ်ပြီး ညနေလေးနာရီခန့်မှ ဆိုင်သို့ပြန်ကာ ညကိုးနာရီဆိုင်ပိတ်မှပင် အလုပ်ဆင်းတတ်၏။ စာအုပ်စာရင်းတွေစစ်ကာ နေရာချပြီးချိန်၌ အိမ်ပြန်ချိန်ရောက်ပြီဖြစ်၍ ကော်ဖီဘားမှလွဲ၍ စာအုပ် ငှါးခြင်း ရောင်းခြင်းကို ခေတ္တပိတ်ထားလိုက်ပြီး အိမ်ပြန်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Jun 12, 2020 ⏰

Add this story to your Library to get notified about new parts!

Hacked meWhere stories live. Discover now