ARC 1.1
22.1K 1.3K 30
ARC 1: ဒီအေးတိအေးစက် Male Leadက တကယ်တမ်းကြတော့ ပိုးပန်းတဲ့နေရာမှာတော့ တော်သားပဲ
[*ဒင်* ကူးပြောင်းခြင်းလုပ်ငန်းစဉ်ပြီးမြောက်သွားပါပီ]
လီဖန်တယောက် သူမခေါင်းတခုလုံး ချားရဟတ်လည်သလို ခံစားနေရတာကြောင့် မျက်မှောင်ကြုံလိုက်တယ်
“တော်တော်စုတ်ပဲ့တဲ့Systemပဲ! ပထမတော့ခေါင်းကိုက်တယ် ခုတော့မူးနောက်နေတာပဲ… ငါ့ကိုသေစေချင်နေတာလား ဘာလား?!”
နောက်တခေါက် ကျည်ဆန်အမှန်ခံလိုက်ရတဲ့ Systemလေး : […]
~ငါဘာမှတောင်မလုပ်ရသေးဘူးလေ~
သူမSystemကို ကျိန်ဆဲနေရင်းမှာပဲ မူးနောက်နောက်ဖြစ်နေတာက တဖြည်းဖြည်း သက်သာလာတဲ့အတွက် လီဖန် သူမမျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်လိုက်တယ်
သူမမျက်လုံးဖွင့်လိုက်တော့ သေးငယ်ပြီး အနည်းငယ်ပျက်စီးချင်နေတဲ့ အခန်းငယ်လေးထဲ ရောက်နေကြောင်း သိလိုက်တယ် နံရံကဆေးရောင်တွေက အရောင်ပျယ်နေပြီး ဆေးတွေကကွာကျနေတယ် ဆေးရောင်တွေပျယ်နေတာက နဂိုက ဘာအရောင်ရှိလဲဆိုတာတောင် သူမမမြင်ရတော့ဘူး အခန်းရဲ့ညာထောင့်မှာတော့ ကောင်တာ အသေးလေးတခုကို တွေ့လိုက်တယ် ထင်တာတော့ ထမင်းစားခန်းဖြစ်မယ်
နောက်ထပ် ဘယ်ထောင့်မှာတော့ ရေချိုးခန်းအသေးလေးရှိတယ် သူမရဲ့ ကုတင်လို့ပြောရမလား အိပ်ယာခင်းဖုံလို့ပဲ ပြောရမလား အဲ့အရာကတော့ ရေချိုးခန်းရဲ့ မျက်နှာချင်းဆိုင်မှာရှိတယ် တကယ်က ခြေလှမ်းနှစ်လှမ်းအကွာလောက်မှာပဲ ရှိတာကိုတော့ ထည့်ပြောမနေပါနဲ့တော့
လီဖန်နှုတ်ခမ်းတွေတွန့်သွားရတယ်
"တကယ်ကြီးလား?! သူမဘယ်လောက်တောင်မှ မွဲတေနေရတာလဲ! သူမတောင်းစားနေရတဲ့ ဘ၀တော့မရောက်သေးဘူးမလား ဟုတ်တယ်မလား?!"
လီဖန်တယောက် သူမရဲ့လက်ရှိအခြေအနေက မျှော်လင့်ချက်မဲ့နေတာမို့ စိတ်ကိုတည်ငြိမ်အောင်ပဲ ကြိုးစားလိုက်တယ် သူမရဲ့ဘယ်လက်ကို နဖူးပေါ်တင်လိုက်ပြီး နောက်ဖက်ကိုတော့ ရင်ဘက်ကိုပဲဖိသပ်နေလိုက်တယ် အဲ့ချိန်မှာပဲ သူမမထင်မှတ်ထားတဲ့ အမှန်တရားတခုကို ထပ်သိလိုက်ရပြန်တယ်