ARC 1.2
12.7K 1.1K 13
{ဒီအပိုင်းကနေစပီး လီဖန်ကို သူမလို့သုံးမယ့်အစား သူလို့ပဲသုံးပါတော့မယ်နော်}
Systemဟာဒီစကားကိုကြားလိုက်ရတော့ သူ့အထင် သူ့hostကိုများသူအထင်လွဲမသွားပီးလားပေါ့
~ငါ့အထင် င့ါhostရဲ့အရည်အသွေးကိုစောစောစီးစီးမှားပီးအကဲဖြတ်မိပီထင်တယ် ငါ့အထင်hostကတယ်တော့နွေးထွေးတတ်တဲ့သူတယောက်ပဲဖြစ်ရမယ်~
အဲ့ချိန်မှာပဲ လီဖန်က လျှာကိုခေါက်လိုက်ပီး စိတ်တိုတိုနဲ့ပြောလိုက်တယ်
“ကျစ်! အနည်းဆုံးတော့ သွေးထွက်သံယိုကိစ္စတွေဘာတွေဖြစ်ဦးမှပေါ့ ဒါမှ ငါ့ဒေါသတွေအတွက် ပုံချစရာနေရာရှိမှာပေါ့ဟ”
Systemဟာချက်ချင်းပဲ သူ့အတွေးကိုလွင့်ပစ်လိုက်တယ်။
[ကောင်းပါ့! Hostကိုဒီလိုသွားထင်မိလိုက်တယ် ငါ့ကသာ အရူးပဲ!]
ဘယ်လိုဖြစ်နေပါစေ လီဖန်က သူ့ပုံရိပ်ကိုပြုပြင်ဖို့စိတ်ကူးမရှိပဲ အိပ်ရာကနေထပီး ရေချိုးခန်းဆီသို့သာလျှောက်သွားလိုက်လေတယ်။
~ဟူး….ငါဒီခံစားချက်ကြီးကိုနေသားကျအောင်တော်တော်ကြိုးစားရဦးမှာပဲ~
နောက်ဆုံးတော့လီဖန်ဟာသူ့စိတ်ထဲကလန့်နေတဲ့အရာကိုကျော်လွှားလိုက်ပီး ရေချိုးခန်းထဲဝင်လိုက်တယ် သူ့၏ပုံရိပ်ယောက်အားမှန်ထဲမှာမြင်မြင်လိုက်ချင်းမှာပဲ သူဟာတုန်လှုပ်သွားတော့တယ်။
ယခုလက်ရှိခန္တာ၏မျက်နှာနှင့်သူ့နဂို(မိန်းခလေး)မျက်နှာ
နှစ်ခုမှာတခုတည်းသောတူညီမှုကမက်မွန်ပွင့်လိုမျက်ဝန်းမှာ ခရမ်းရင့်ရောင်မျက်ဆံနဲ့ရယ်မျက်တောင်ရှည်ကြီး
တွေရယ်ပဲ။ ပြီးတော့ဒီကိုယ်ထဲမှာအခုက လီဖန်ရောက်သွားပြီဖြစ်တာကြောင့် နဂိုကထုံထိုင်းမှုန်မိုင်းပြီးတောက်ပခြင်းကင်းမဲ့နေတဲ့မျက်ဝန်းတွေက အရောင်တွေတောက်ပစူးရှနေတယ်။ ဒီလိုမျက်လုံးတွေနဲ့သာစူးစိုက်ပြီးအကြည့်ခံလိုက်ရရင် အကြည့်ခံရသူရဲ့စိတ်ဝိဉာဉ်ကိုတောင်မှ စုပ်ယူသွားတော့မလားတောင်ထင်မှားနိုင်လောက်တယ်။ ဒါ့အပြင်နူးနူးညံ့ညံ့မျက်နှာဖြူသေးသေးလေးရယ် နှာခေါင်းသေးသေးလုံးလုံးလေးရယ် သွေးရောင်အပြည့်လွှမ်းနေတဲ့နှုတ်ခမ်းနီနီလေးရယ် ပြီးတော့မှင်ရောင်လိုနက်မှောင်နေတဲ့ဆံပင်တွေရယ် ဒါတွေအကုန်စုပြီး သူ့ဆီမှာရှိနေတဲ့အတွက် ဒီိလိုနှိုင်းတုမနိုင်တဲ့အလှမျိုးကို တချက်ကြည့်မိယုံနဲ့ ဘယ်သူတယောက်မှ မျက်စိလွှဲနိုင်မှာမဟုတ်ဘူးလေ။