ARC 2.7
8.8K 1K 28
*splash*
ရေ၏အေးစက်သည့်အထိအတွေ့ကြောင့် လီဖန်သည် အနည်းငယ်စိတ်ငြိမ်သွားသည်။ မှန်ထဲကိုကြည့်လိုက်တော့ ရေစက်တွေနှင့်ရွဲစိုနေသည့် သူ့မျက်နှာကိုသာမြင်လိုက်ရသည်။
“သေစမ်း!” လီဖန်သည် သူ့အထင်များဖြစ်လာနိုင်မလားဆိုပီး ​တွေးလိုက်မိသည့်ကြောင်တောင်တောင် အတွေးတွေကြောင့် သူ့ကိုယ်သူကျိန်ဆဲလိုက်သည်။
အဲ့ဒါကသူမဟုတ်ဘူး အရူးရဲ့! အရူးလိုမျှော်လင့်မနေနဲ့! ဘာလို့ဆို…..
သူမရှိတော့ဘူး…
လီဖန်သည် သူ့လက်များဖြင့်မျက်နှာကို အုပ်လိုက်ပီး တိုးညှင်းစွာရေရွတ်လိုက်သည်။
“ဟုတ်တယ်လေ…သူက ငါအနားမှာမရှိတော့ဘူးလေ…”
အမှန်တရားကသူ့မျက်စိရှေ့တွင်ရှိနေပေမယ့် သူလက်ခံပေးနိုင်ဖို့ခက်ခဲနေတုန်းပင်။ ‘သူ’က သူနှင့်အတူမရှိတော့သည်ကို တွေးလိုက်မိတိုင်း သူတစ်ယောက်ထဲအထီးကျန်ခဲ့ရသည့်အဖြစ်များက အတွေးထဲပြန်ပေါ်လာလေသည်။ အရင်အတိတ်တုန်းက သူနေတတ်သောကြောင့် ဒီတစ်ခေါက်တွင်လည်း အဆင်ပြေသွားလိမ့်မည်ဟုထင်ခဲ့သည်။ သို့ပေမယ့် ကြည့်ရတာ သူမနေတတ်တော့ပေ။
“အဲ့ဒါက စကားလေးတခွန်းပဲဟာ။ ‘သူ’တစ်ယောက်ထဲ အဲ့ဒီစကားကိုပြောနိုင်တာမှမဟုတ်တာ။ ဟူး…ဘယ်ချိန်ကစပီး ငါဒီလောက်တောင် သနားစရာကောင်းသွားရတာလဲ… ”
ဒီလိုမျိုးခံစားလွယ်လာသည့်သူ့ကိုယ်သူ လီဖန်သည်လှောင်လိုက်မိသည်။ နောက်တော့သူသည် လက်ကိုင်ပုဝါဖြင့် သူ့မျက်နှာကိုသုတ်လိုက်ပီး သူ့ခံစားချက်များပုံမှန်ပြန်ဖြစ်သွားသည်အထိနေလိုက်ကာ အဆင်ပြေသွားသည်ကိုသေချာမှ ထွက်လာလိုက်သည်။
သူသန့်စင်ခန်းထဲမှထွက်လာသည်နှင့် ဆွဲဆောင်မှုရှိသည့်အသံသြရှရှအား သူ့ဘေး၌ကြားလိုက်ရသည်။
“ဟေးရှီ အဆင်ပြေရဲ့လား?”
လီဖန်သည် သေလောက်အောင်လန့်သွားရသည်။ သူသည်အသံပိုင်ရှင်အားကြည့်လိုက်ပီး အော်ဆဲပစ်ချင်စိတ်ပေါက်သွားသည်။
ဒီခွေးကောင်ကတော့! အခုလေးတင်သူကြောင့်ဖြစ်လာတဲ့ခံစားချက်တွေကို အနည်ထိုင်အောင်လုပ်ပီးစပဲရှိသေးတယ်။ ဒါကို သူက ဘယ်ကမှန်းမသိချက်ချင်းပြန်ပေါ်လာပြန်တယ်! ငါမင်းကိုပြောမယ်နော် ငါဒီလိုဖြစ်သွားအောင်လုပ်တဲ့တရားခံက မင်းပဲ!