ARC 2.17
6.9K 926 23
နောက်ဆုံးမှာတော့ သူတို့သည် အနီးဆုံးက ​ဆေးရုံကိုရောက်သွားသည်။ လီဖန်သည် သူ့ဘေးတွင်ရှိသည့်သူအား ကားထဲတွင်သာနေခဲ့ရန် အကြံပြုလိုက်သည်။ အဲ့လူသာလိုက်လာခဲ့ရင် မုကျန်းသည် သူ့ကိုတန်းသိသွားလိမ့်မည်။ ဒီလိုသာဆိုကိစ္စတွေရှုပ်ကုန်လိမ့်မည်။
နောက်တစ်နာရီကုန်သွားချိန်မှာတော့ မုကျယ့်သည်နိုးလာသည်။ အစကတော့ သူမသည် အဆက်မပြတ်ငိုနေပေမယ့် လီဖန်သည် မိန်းကလေးလိုဝတ်ထားပီး နွေးထွေးသည့်ပုံရတာကြောင့် ထိုကလေးမလေးသည် နောက်ဆုံးတော့ အငိုတိတ်သွားတော့သည်။
အခုတော့ သူတို့နှစ်ယောက်သည် အတော်လေးတည့်သွားပီး သူမကိုလာခေါ်မည့် တစ်ယောက်ယောက်ကို စောင့်နေကြသည်လေ။
*ဘန်း*
တံခါးသည်ရုတ်တရပ်ဆောင့်ပွင့်သွားသည်။ အရပ်ရှည်ရှည်နှင့်ကြည့်ကောင်းသည့် လူတစ်ယောက်သည် စိတ်လှုပ်ရှားမှု ပူပန်မှုအပြည့်ဖြစ်နေသည့်မျက်နှာနှင့် ဝင်လာလေသည်။
မုကျန်းအခန်းထဲတွင်ရှိသမျှလူများကို လုံးဝကိုဂရုမစိုက်ပဲ သူ့ညီမလေးရှိရာဆီသို့သာ ခြေလှမ်းကျဲကြီးနှင့်သွားလိုက်သည်။
"က-ကျယ့်အာ အဆင်ပြေရဲ့လား?!" နောက်တော့ သူသည် သူမတစ်ကိုယ်လုံးအား ဒဏ်ရာရှိမရှိ ​သေချာကြည့်နေလိုက်သည်။ စိုးရိမ်ရလောက်သည်အထိ ကြီးကြီးမားမားဒဏ်ရာကိုမတွေ့တော့မှ သူသည် စိတ်သက်သာရာရသွားသလို သက်ပျင်းကို ချလိုက်မိသည်။ ဒီသတင်းကိုကြားလိုက်ချိန်က သူ့နှလုံးရပ်သွားတော့မတပ်ဖြစ်သွားသည်ကို ဘုရားသာသိမည်။
"ဝူး ... ဝူး ... ကိုကြီး! ကျယ့်ကျယ့်အရမ်းကြောက်နေတာ ... ဟင့် ... ကိုကြီး က ဘယ် ... ဘယ်ရောက်နေတာလဲ? ဝါး!" ငြိမ်သွားသည့်ကလေးမလေးသည် သူ့အကိုအား မြင်သည့်အခါမှာတော့ နောက်တစ်ကြိမ်ထပ်ပီး ငိုကြွေးတော့သည်။
မုကျန်း၏နှလုံးသည်လည်းနာကျင်နေပီး သူမကိုဖက်လိုက်ပီး ချော့လိုက်သည်။ "ကိုကြီးတောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ် အကိုကြီးအမှားပါ မငိုနဲ့တော့နော် နောက်ထပ်ဘယ်တော့မှ ကျယ့်အာကို တစ်ယောက်ထဲထားမသွားတော့ဘူးလို့ ကိုကြီး ကတိပေးတယ် ဟုတ်ပီလား?"