ARC 1.3
11.2K 1.1K 7
ရှီဟန်သည် မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်၌သာ နေထိုင်နေခဲ့ရပေမယ့် ဆုအိမ်တော်ကတော့ လူချမ်းသာတွေ စုဝေးနေထိုင်နိုင်သည့် မြို့လည်ခေါင်တွင်ရှိသည့်ရပ်ကွက်တွင် တည်ရှိလေသည်။ ထို့ကြောင့်သူတို့ခရီးသည်ကး ကားနှင့်တောင်တစ်နာရီနီးပါးမျှကြာသွားလေသည်။
သူရောက်သွားတော့ အနောက်နိုင်ငံပုံစံတည်ဆောက်ထားသည့် နရံကြီးတွေနှင့်ခမ်းနားကြီးကျယ်လှသော ဂိတ်တံခါးကိုတွေ့လိုက်ရလေသည်။
သူ့ကိုလာခေါ်တဲ့လူက ဆက်သွယ်ရေးကိရိယာကနေတဆင့်စကားအနည်းငယ်ပြောလိုက်ပီးနောက်စက္ကန့်ပိုင်းအတွင်းမှာပဲဂိတ်တံခါးသည် ဖြေးညင်းစွာပွင့်သွားသောကြောင့်ကားကိုအတွင်းသို့မောင်းဝင်သွားကြလေသည်။ အတွင်းမှာတော့အလွန်ကြီးမားကျယ်ဝန်းသောဥယျာဉ်ကြီးကိုတွေ့လိုက်ရပီးပန်းမျိုးပေါင်းစုံတွေဟာလည်းနေရာအနှံ့စိုက်ပျိုးထားလေသည်။ ကားသွားရာလမ်းဘေးနှစ်ဖက်တလျှောက်လုံးမှာလဲ အနီရောင်နှင်းဆီခင်းကြီးက တရိပ်ရိပ်နှင့်ကျန်ခဲ့တော့လေသည်။
ဆုလန်(အမျိုးသမီးဇာတ်ဆောင်၏အဖေ)သည် ဘဝကိုဘယ်လိုကောင်းကောင်းနေရမည်လဲဆိုတာကိုသေချာသိသောလူစားမျိုးပင်ဖြစ်သည်။ထိုကြောင့်ဒီနေရာတွင်ရှိသည့်အရာတိုင်းလိုလိုသည်အနောက်တိုင်းတွေမှာတွေ့ရသည့်အိမ်တော်တွေ၏ပုံစံအတိုင်းတစ်ထပ်တည်းနည်းပါးတူသယောင်ယောင်ရှိလေသည်။
ဗိသုကာလက်ရာတွေအကြောင်းတွေးလိုက်ချိန်မှာတော့လီဖန်သည်သူ့ကိုယ်ပိုင်အိမ်ကိုသတိရလိုက်မိသည်။
သူသည်ဟာလည်းပဲရှေးဟောင်းပစ္စည်းများကိုစုဆောင်းရတာကိုနှစ်သက်သည့်အတွက်ကြောင့် သူ့အိမ်တွင်း၌ရှေးဟောင်းအငွေ့အသက်များဖြင့်ပြည့်နက်နေသည်။ သူ့ဥယျာဉ်လို့ပြောရမလား တောအုပ်လို့ပြောရမလားအဲ့ဒါကတော့ခုတွေ့လိုက်ရသောအရာထက်အဆပေါင်းများစွာကြီးပီးတောရိုင်း
တိရစ္ဆာန်တွေအပြည့်ဖြင့်ရှိလေသည်။ နောက်မှသူသိလိုက်ရတာကတော့ အပြင်ကလူတွေက သူ့ဥယျာဉ်ကို ‘ပြန်လမ်းမဲ့တောအုပ်’ဆိုပီးအမည်ပေးထားကြောင်းသိလိုက်ရသည်။