ARC 2.10
7.6K 996 17
ဂျီဝမ်၏စကားသံကြောင့် တခြားသူတွေသည် လီဖန်အား နားမလည်သလိုမျိုးကြည့်လာသည်။ ခေါင်းဆောင်ပြောသွားတာ ဘာအဓိပ္ပါယ်လဲ?
လီဖန်သည်လည်းနားမလည်သလိုဖြစ်သွားကာ ဂျီဝမ်အား ကြည့်လိုက်ပေမယ့် သူသည် ဂျီဝမ်အားတည်ငြိမ်စွာပဲမေးလိုက်သည်။
“ခေါင်းဆောင် ဘာကိုဆိုလိုတာလဲဗျ? ကျွန်တော်အထင်တော့ ကျွန်တော်အမှန်ကိုပဲတင်လိုက်တာပါ”
လန့်နေသည့်လုကျီရှီသည်လည်း ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ်! ကျွန်မတင်ပြချက်တွေကိုကြည့်ပီးပီ။ အဖွဲ့မှုးတင်ပြချက်က အမှန်ပါပဲ” ဘယ်လောက်တောင်ရီစရာကောင်းလဲ! သူမအတွက်အကြီးမားဆုံးပြိုင်ဖက်က လီဖန်လေ။ သူ့အကြံတွေက သူမတင်ပြချက်ထက်သာတာကိုတော့လက်ခံပေးရမယ်။ ဒါပေမယ့်အကုန်လုံးခြုံကြည့်လိုက်ရင် သူမထက်ဘာမှသာတာမရှိဘူး။ ဒါကြောင့် သူမတင်ပြချက်က ထိုသူကိုနိုင်မယ်ဆိုတာကို အပြည့်အဝယုံကြည်ထားတယ်လေ။ ခေါင်းဆောင်ကဒီလိုမေးနေတယ်ဆိုတော့ အဲ့လူဆီမှာပိုကောင်းတဲ့တင်ပြချက်ရှိနေတဲ့သဘောလား? မဖြစ်ရဘူး! သူက သူမထက်လုံးဝသာသွားလို့မဖြစ်ဘူး!
သူမအတွက်ကံကောင်းတာကတော့ ဒီတစ်ခေါက်လီဖန်၏အတွေးများသည်လည်း သူမနှင့်ထက်တူကျနေသည်လေ။ ထို့ကြောင့် လီဖန်သည် ယုံကြည်စွာဖြင့်ပြန်ဖြေလိုက်သည်။ “တွေ့လား? မစ္စလုက ဒါကိုအတည်ပြုပေးနိုင်တယ်။ ဒါကြောင့် ကျွန်တော်-”
“ဒါဆိုရင် အရင်တစ်ခေါက် ကိုယ်ဖတ်ကြည့်တုန်းက ဘာကြောင့် ဒီတစ်ခုမဟုတ်ရတာလဲ?” ဂျီဝမ်သည် ဘာမှမဖြစ်သလိုနှင့် မေးခွန်းထုတ်လိုက်သည်။ သို့ပေမယ့် ဒီမေးခွန်းလေးတစ်ကြောင်းတည်းကပင်လျှင် တခြားသူများ၏မျက်နှာများအား အမဲကြောင်းများအပြည့်ဖြစ်သွားစေသည်။
သို့ပေမယ့် ဂျီဝမ်၏နောက်ထပ်စကားတခွန်းက ဒီကိစ္စကိုရှင်းလင်းသွားအောင်လုပ်ပေးလိုက်ပီး နောက်ထပ်အကြောင်းအရာတစ်ခုကို ထပ်သိလိုက်ရပြန်သည်။
“အား ဆောရီး အရင်တစ်ခေါက် ကိုယ်မင်းအိမ်ရောက်တုန်းက မင်းအလုပ်လုပ်နေတာကို ကိုယ်တစ်ချက်ကြည့်လိုက်မိတာ”