ARC 1.12
9.3K 1K 15
“ဖူး….” သူသည် ပါးစပ်ထဲရှိဖျော်ရည်များကြောင့်သီးသွားပီး အပြင်းအထန်ချောင်းဆိုးတော့သည်။
ဒါကိုမြင်လိုက်ရသည့်ထန်ရှိုးသည် အနားသို့ရောက်လာပီး သူ့ကျောကိုပုတ်ပေးကာ “မင်းအဆင်ပြေရဲ့လား? ဒီမှာခဏစောင့်နေ ကိုယ်မင်းအတွက်ရေသွားယူပေးမယ်”
လီဖန်သည် ငြင်းလိုက်ဖို့အချိန်တောင်မရလိုက်ပဲ သူ့မျက်နှာတွေနီရဲလာကာ မျက်ရည်တောင်ထွက်လာသည်အထိကို ချောင်းဆိုးနေသည်။
စက္ကန့်အနည်းငယ်ကြာသွားပီးနောက်တော့ ထန်ရှိုးသည်ရေတခွက်ဖြင့်ပြန်ရောက်လာပီး လီဖန်ကိုသောက်စေသည်။ လီဖန်သည် ထပ်သီးမည်ကို ကြောက်သောကြောင့် ရေကိုဖြေးဖြေးချင်းသောက်လိုက်သည်။
~ဟား…ငါထင်လိုက်တာက ဒီကမ္ဘာကနေ စီစဉ်ထားတဲ့အချိန်ထက်ပိုပီး စောထွက်သွားရတော့မယ်ထင်လိုက်တာ~
သို့ပေမယ့် သူသည် မျက်စိရှေ့က ပြဿနာကိုတော့ မေ့နေလေသည်။
~ထန်.ရှိုး.မင်း.က.ဒီ.မှာ.ဘာ.လုပ်.နေ.တာ.လဲ.?!~ သူသည် အတွေးထဲမှာ အာခေါင်ခြစ်အော်နေလိုက်သည်။
လီဖန်သည် ထန်ရှိုးအား ၉၀ဒီဂရီလောက်ထိ ကိုယ်ကိုညွှတ်လိုက်ပီး အသံညင်သာစွာဖြင့်
“အား! ကျွန်တော့်ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာထန်”
ထန်ရှိုး “ရပါတယ် ကိုယ်ကြောင့်ဖြစ်သွားတာမို့လို ကိုယ်ကတောင် မင်းကိုပြန်ပီးတောင်းပန်ရဦးမှာပါ”
လီဖန်နှလုံးလေးခုန်သွားရသည်။ သူကဘာကိုဆိုလိုတာလဲ?
လီိဖန်သည် ခေါင်းကိုမြန်မြန်ခါပြလိုက်ပီး
“အား မဟုတ်ရပါဘူး။ ကျွန်တော်က ခင်ဗျားကို ဒီမှာတွေ့လိုက်ရမယ်လို့ မထင်ထားလိုက်လို့ပါ” ပီးတော့ အရှက်သည်းစွာနှင့်ထက်ပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော်အမြဲလေးစားနေရတဲ့သူတစ်ဦးပါဗျ”
ထန်ရှိုးသည်မျက်ခုံးကို ခပ်ဖြေးဖြေးလေးပင့်လိုက်မိသည်။ သူသည် ရင်ဘက်ပေါ်၌လက်ကိုပိုက်လိုက်ပီး
“မင်းက ကိုယ့်ကိုလေးစားတယ်? ဘာလို့လဲ?”
လီဖန်သည်စိတ်ထဲတွင် မျက်မှောင်ကျုံ့လိုက်မိသည်။ ~ခင်ဗျား ဒီနေ့ဘာလို့ဒီလိုဖြစ်နေရတာလဲ ဟင်? သူ့ကိုတော့မှတ်မိသွားတာတော့မဟုတ်ဘူး မလား?~