ARC 1.7
9.7K 1.1K 10
လီဖန်သည်ခိုင်လ်နောက်မှနေပီး ထန်ရှိုးရှိရာ သီးသန့်ဧည့်ခန်းသို့လိုက်သွားလိုက်သည်။
ခုနကဖြစ်သွားသမျှဆူပူမှုတွေသည် “ထန်ရှိုး”အမည်ထွက်လာသည်နှင့် ​ဖြေရှင်းပီးသားဖြစ်သွားသည်။
~အမျိုးသမီးဇာတ်လိုက်ရဲ့အကြီးမားဆုံးcheatဆိုတဲ့အတိုင်းပါပဲလားဟင်! ကြည့်ရတာ ဒီလူနဲ့ပတ်သတ်သမျှကို ငါသေချာသတိထားပီးနေမှရမယ်~
သိပ်မကြာခင်မှာပဲ သူတို့ရောက်သွားပီး ခိုင်လ်သည် အခန်းတံခါးကိုညင်သာစွာခေါက်ကာပြောလိုက်သည်။ “ဘော့စ် သူရောက်လာပါပီ”
ဒါကိုကြားလိုက်ရသည့်လီဖန်ကမတတ်နိုင်ပဲ ရယ်ချင်သွားသည်။ ဘာလို့ဆိုဒီလိုအခြေအနေမျိုးက သိပ်မကြာခင်ကဖြစ်ထားသလိုပဲဖြစ်နေလို့ပင်။
~ဘာလို့ငါ deja vu ဖြစ်သလိုခံစားနေရတာလဲ~
(deja vu = လက်ရှိအခြေအနေကို တွေ့ကြုံပြီးသည့် ခံစားချက်မျိုးဖြစ်သည်ကိုဆိုလိုခြင်းဖြစ်သည်။)
{လီဖန် ဆုအိမ်တော်ကို စပီးရောက်သွားတုန်းကလိုအခြေအနေမျိုးကိုပြောချင်သည့်သဘောဖြစ်သည်။}
သို့ပေမယ့်သူရှည်ရှည်ဝေးဝေးတွေးနေဖို့မရလိုက်ပဲ အခန်းထဲမှ ခပ်သြသြယောက်ျားတယောက်အသံကြောင့် သူ့အတွေးတွေလက်ရှိချိန်ကိုပြန်ရောက်လာရသည်။ “သူ့ကိုအထဲဝင်ခိုင်းလိုက်”
~အိုး…..ဟိုး…..အသံကတော့ တော်တော်မိုက်တာပဲ..ဒါဆိုသူ့ရုပ်ကကော ဘယ်လောက်ကြည့်ကောင်းနေမကြောင်းသိချင်သွားပီ?~
အမျိုးသားဇာတ်လိုက်၏ရုပ်ရည်အား သူမသိရခြင်းကို သူ့အပြစ်တော့တင်လို့မရပေ။ လီဖန်သည့် သူ့ဘာသာသူတောင်မအားလပ်သည့်အတွက် ဒါတွေကိုလိုက်စိတ်ဝင်စားနိုင်ဖို့အချိန်မရှိပေ။ ဒါကြောင့် သူတို့သည် စီးပွားရေးပတ်ဝန်းကျင် တခုထဲတွင်ဖြစ်နေသည့်အတွက်လည်း မဝေးတော့သည့်အချိန်အတွင်း ဒီလူနှင့်တွေ့လာနိုင်သည်ဟုထင်ထားသောကြောင့် ဘာမှမစုံစမ်းထားတာလေ။ ထို့ကြောင့်ဒီအတောအတွင်း သူသည် အမျိုးသားဇာတ်လိုက်၏ပုံစံဘယ်လိုရှိသည်ကို သူမသိရခြင်းပင်ဖြစ်သည်။
သူသိသမျှကတော့ စီးပွားရေးလောကထဲ၌ ဒီလူ၏ပြောင်မြောက်လှသော အောင်မြင်မှုတွေကိုသာဖြစ်သည်။ သူဒီလူကို ကြီးကြီးမားမားမျှော်လင့်ချက်ထားမိတာကိုတော့ သူဝန်ခံရပေမည်။